ပြိုင်ဘက် AI နှစ်ခုကြားက အားပြိုင်မှုလို့ ဆိုရမလားပါပဲ။ Hacktron က လုံခြုံရေးသုတေသီ သုံးဦးဟာ Anthropic ရဲ့ နာမည်ကြီး Claude AI ကို အသုံးပြုပြီး ကမ္ဘာ့ထိပ်တန်း AI ကုမ္ပဏီကြီး OpenAI ရဲ့ အတွင်းပိုင်းစနစ်တွေကို ၇၂ နာရီအတွင်း အံ့ဩစရာကောင်းလောက်အောင် ဖောက်ထွင်းနိုင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ပြုလုပ်ခဲ့တဲ့ တရားဝင်စမ်းသပ်မှုတစ်ခုမှာ သုတေသီတွေဟာ Discourse ပလက်ဖောင်းကနေ အလုပ်လုပ်နေတဲ့ OpenAI ရဲ့ community forum မှာ အားနည်းချက်တစ်ခုကို အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Business Insider Email Newsletters: Subscribe Now - Business Insider

ဒီစစ်ဆင်ရေးရဲ့ အဓိကဇာတ်လိုက်ကတော့ Claude ပဲ ဖြစ်ပါတယ်။ သုတေသီတွေဟာ Claude Opus 4.8 နဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ Claude Opus 5 တို့ရဲ့ အကူအညီနဲ့ forum ဆာဗာကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် နည်းလမ်းကို နာရီပိုင်းအတွင်းမှာတင် ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် OpenAI ရဲ့ single sign-on (SSO) စနစ်မှာရှိနေတဲ့ နောက်ထပ် အားနည်းချက်တစ်ခုကိုပါ ထပ်မံချိတ်ဆက်လိုက်တဲ့အခါ ဝန်ထမ်းတွေရဲ့ လျှို့ဝှက်အကောင့်တွေသာမက OpenAI ရဲ့ အရေးအကြီးဆုံး သီးသန့် GitHub repository ကြီးဆီကိုပါ တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိသွားခဲ့ပါတယ်။

Anthropic says its Claude AI model hacked systems of three external  companies during safety tests - ABC News

ဒါပေမယ့်လည်း ဒါဟာ လုံခြုံရေးစမ်းသပ်မှုသက်သက်သာ ဖြစ်တဲ့အတွက် သုတေသီတွေဟာ အန္တရာယ်မရှိတဲ့ pull request တစ်ခုကိုသာ ဖန်တီးပြပြီး သူတို့ရဲ့ ဝင်ရောက်နိုင်စွမ်းကို သက်သေပြခဲ့ပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေကိုတော့ ခိုးယူသွားတာမျိုး မလုပ်ခဲ့ပါဘူး။ ဒီဆိုက်ဘာထိုးဖောက်မှုကြီးကို သိရှိသွားတဲ့နောက်မှာတော့ OpenAI ဟာ အချိန် ၁၄ နာရီအတွင်း အပြေးအလွှား ပြုပြင်ခဲ့ရပြီး ဒီအားနည်းချက်ကို ထောက်ပြပေးခဲ့တဲ့ သုတေသီတွေကိုတော့ ဆုကြေးငွေအဖြစ် ဒေါ်လာ ၆,၅၀၀ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref : Technology Innovation