အမေရိကန်-အစ္စရေးနဲ့ စစ်ပွဲအတွင်း Starlink အပါအဝင် ကွန်ရက်နဲ့ ပလက်ဖောင်းအချို့ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက် လည်ပတ်လို့မရအောင် တားဆီးနိုင်ခဲ့တယ်လို့ အီရန် အထက်တန်း ဆိုက်ဘာစပေ့စ်ကောင်စီ အတွင်းရေးမှူးနဲ့ အမျိုးသား ဆိုက်ဘာစပေ့စ် ဗဟိုဌာန အကြီးအကဲ မိုဟာမက် အာမင် အာဂါမီရီ (Mohammad Amin Aghamiri) က ပြောပါတယ်။ စစ်ပွဲစတင်ချိန်ကတည်းက ဆိုက်ဘာလုံခြုံရေးနဲ့ အခြား လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ပြင်းထန်တဲ့ ရင်ဆိုင်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Elon Musk's Starlink in Africa: Which countries are connected?

အစ္စရေးက အီရန်ကို ဖိအားပေးဖို့ Starlink ကို အသုံးပြုဖို့ ကြိုးပမ်းခဲ့ပေမယ့် နည်းပညာဆိုင်ရာ လက်တွေ့အခြေအနေတွေအရ အဲဒီပြောဆိုချက်အချို့ဟာ ခန့်မှန်းချက်တွေသာ ဖြစ်တယ်လို့ အာဂါမီရီက ထောက်ပြပါတယ်။ အီရန် အာဏာပိုင်တွေဘက်ကလည်း ပြုလုပ်နေတဲ့ လုပ်ဆောင်ချက်တွေကို အနီးကပ် စောင့်ကြည့်နေပြီး အခြေအနေတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရှင်းပြပါတယ်။

What Is Starlink: Everything You Need to Know – the Punisher Blog

ဒါ့အပြင် အီရန်ရဲ့ ကွန်ရက်တွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ နည်းပညာအသစ်တွေ သုံးလာရင် ပြန်လည်တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ အာဂါမီရီက အတည်ပြု ပြောပါတယ်။ အီရန်အနေနဲ့ အဆင့်တိုင်းမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ရှိနေပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေး လိုအပ်ချက်တွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

Ref : mehrnews