အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social  မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ ကမ္ဘာကျော် “Artificial Intelligence” ဆိုတဲ့ အသုံးအနှုန်းကို ဆက်သုံးနေမယ်ဆိုရင် အိမ်ဖြူတော်ရဲ့ ရန်သူအဖြစ် သတ်မှတ်မယ်လို့ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။ အဲဒီလို ဝေါဟာရကို ဖယ်ရှားပြီး ပိုပြီးခေတ်မီတိကျတဲ့ “Super Intelligence” ဆိုတဲ့ အသုံးအနှုန်းနဲ့ အစားထိုးသုံးစွဲဖို့ကိုလည်း ပြင်းပြင်းထန်ထန် တိုက်တွန်းလာခဲ့ပါတယ်။

Trump officially renames AI as 'Super Intelligence', calls it 'much bigger  than the Internet' - India TV News

အဲဒီလို ထူးဆန်းတဲ့ ပြောဆိုမှုနောက်ကွယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ကြော်ငြာစာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီအမိန့်အရ ဖက်ဒရယ်ဌာနတွေနဲ့ အေဂျင်စီတွေရဲ့ တရားဝင်ဆက်သွယ်ရေးတွေ၊ ဝက်ဘ်ဆိုက်တွေနဲ့ အစိုးရစာရွက်စာတမ်းတွေမှာ “Artificial Intelligence” နဲ့ “AI” ဆိုတဲ့ စကားလုံးတွေအစား “Super Intelligence” နဲ့ “SI” လို့သာ မဖြစ်မနေ သုံးစွဲရမယ်လို့ တင်းကျပ်ထားပါတယ်။

Trump announces Super Intelligence Force to coordinate US AI policy

ဒါပေမဲ့ ဒီအမိန့်ဟာ အစိုးရဌာနတွေကိုသာ ဦးတည်တာဖြစ်ပြီး သာမန်အမေရိကန်ပြည်သူတွေ၊ သတင်းစာဆရာတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ “AI” လို့ ဆက်သုံးတာကိုတော့ တားမြစ်ထားခြင်း မရှိပါဘူး။ အဲဒီလို ဆက်သုံးတဲ့သူတွေကိုလည်း တရားဥပဒေအရ အရေးယူမယ့် ပြစ်ဒဏ်တွေ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Ref : Technology Innovation