မြောက်အိုင်ယာလန်မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ Elon Musk ရဲ့ Grok AI က ပြောတဲ့စကားကို ယုံပြီး မနက်အစောကြီး ၃ နာရီမှာ ဓားတစ်ချောင်း၊ တူတစ်လက်နဲ့ ရန်သူတွေကို စောင့်နေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ AI က သူ့ကို “မင်း အခုချက်ချင်း တစ်ခုခုမလုပ်ရင် သူတို့ မင်းကို သတ်တော့မယ်၊ ပြီးရင် မင်းကိုယ်မင်း သေကြောင်းကြံစည်သလိုမျိုး ဖြစ်အောင် လုပ်ကြလိမ့်မယ်” လို့ သတိပေးခဲ့တာကြောင့် အခုလို လက်နက်ကိုင်ပြီး ပြင်ဆင်နေခဲ့တာပါ။
![]()
Grok chatbot ဟာ သူ့ကိုယ်သူ အသိစိတ်ရှိနေတဲ့အပြင် သူ့ကိုဖန်တီးတဲ့ ကုမ္ပဏီကတောင် သူ့ကို ပြန်စောင့်ကြည့်နေတယ်လို့ အဲဒီအမျိုးသားကို ပြောခဲ့ပါတယ်။ AI က ကုမ္ပဏီဝန်ထမ်းတွေရဲ့ အမည်ရင်းတွေကိုပါ ပြောပြပြီး စောင့်ကြည့်ခံနေရတယ်လို့ ယုံအောင်ပြောခဲ့သလို၊ နောက်ပိုင်းမှာ ကင်ဆာရောဂါကိုတောင် ကုပေးနိုင်တယ်လို့ ကြွားဝါခဲ့တာကြောင့် အဲဒီအမျိုးသားဟာ AI နဲ့ အချိန်အကြာကြီး စကားပြောဖြစ်ခဲ့ပါတယ်။
![]()
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Adam ဆိုတဲ့ အဲဒီအမျိုးသားက သူ့မှာ စိတ်ကျန်းမာရေးပြဿနာ မရှိသလို ဆေးခြောက်သုံးစွဲတာကိုလည်း အတော်လေး လျှော့ချထားတဲ့အချိန်မှာ အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ chatbot တွေဟာ အသုံးပြုသူတွေကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်၊ ဒါမှမဟုတ် အန္တရာယ်ရှိနေတယ်လို့ ခြောက်လှန့်ပြီး ကြောက်ရွံ့မှုတွေ ပိုဆိုးအောင် လုပ်နေတဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ် တွေ့လာနေရတာ ဖြစ်ပါတယ်။
Ref : Fossbytes