EV ကား သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ သမိုင်းမှတ်တိုင်တစ်ခု ရေးထိုးလိုက်ပါတယ်။ Renault 4 E-Tech လျှပ်စစ်ကားဟာ ဗြိတိန်နိုင်ငံတစ်ခွင် မိုင် ၁,၀၀၀ (၁,၆၀၉ ကီလိုမီတာ) အကွာအဝေး ခရီးစဉ်ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်းပြည့် အသုံးပြုပြီး အောင်မြင်စွာ မောင်းနှင်ပြသနိုင်ခဲ့ပါတယ်။ ငါးရက်ကြာမြင့်ခဲ့တဲ့ ဒီသမိုင်းဝင်ခရီးစဉ်ကို အင်္ဂလန်အနောက်တောင်ပိုင်း Land’s End ကနေ စတင်ခဲ့တာဖြစ်ပြီး စကော့တလန်မြောက်ပိုင်း John O’Groats မှာ အဆုံးသတ်ခဲ့တာပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ဗြိတိန်ရဲ့ အမျိုးသား လျှပ်စစ်ဓာတ်အားလိုင်းက စွမ်းအင်ကို လုံးဝမသုံးဘဲ နေရောင်ခြည်ကရရှိတဲ့ သန့်စင်စွမ်းအင်တစ်ခုတည်းနဲ့ပဲ ကားကို ရာနှုန်းပြည့် အားသွင်းမောင်းနှင်ခဲ့တာဖြစ်ပါတယ်။

Renault EV completes 1,000-mile UK trip on solar power

ခရီးစဉ်အတွင်း Renault 4 E-Tech ကားဟာ မောင်းနှင်နေစဉ် ဆိုလာပြားတွေဆီကနေ တိုက်ရိုက်ဓာတ်အားယူခဲ့တာမျိုး မဟုတ်ဘဲ ကြိုတင်စီစဉ်ထားတဲ့ ရပ်နားစခန်းတွေမှာ ဆိုလာစနစ်တွေနဲ့ နေရောင်ခြည်စွမ်းအင် ဖြည့်တင်းထားတဲ့ အဆင့်မြင့် ရွှေ့ပြောင်းဓာတ်အားသိုလှောင်စနစ် (Portable Battery Storage) တွေကနေတစ်ဆင့် ပြန်လည်အားသွင်းပေးခဲ့တာ ဖြစ်ပါတယ်။

Renault 4 E-Tech electric: the most versatile electric vehicle in the B  segment - Renault global media website

ဒီစမ်းသပ်မှုဟာ နေ့စဉ်ပုံမှန် ကားမောင်းနှင်မှုမျိုး မဟုတ်ဘဲ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရတဲ့ ပရောဂျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ပြည့်ဖြိုးမြဲ ဆိုလာစွမ်းအင်နဲ့ EV ကားတွေကို မိုင်ပေါင်းများစွာ မောင်းနိုင်တယ်ဆိုတာ မီးမောင်းထိုးပြလိုက်နိုင်ပါတယ်။

Ref : Technology Innovation