ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ မွေးဖွားနှုန်းကို မြှင့်တင်ဖို့ တိုကျိုအစိုးရက ၂၀၂၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ AI အသုံးပြု Dating အက်ပလီကေးရှင်းကနေတစ်ဆင့် စုံတွဲပေါင်း ၂၆၅ တွဲ လက်ထပ်ခဲ့ကြပါတယ်။ ဂျပန်အစိုးရရဲ့ အချက်အလက်တွေအရ ဇွန်လ ၃၀ ရက်နေ့အထိ အဲဒီ Tokyo Enmusubi အက်ပလီကေးရှင်းမှာ အဖွဲ့ဝင် ၁၆,၀၀၀ မှတ်ပုံတင်ထားပြီး စုံတွဲ ၇၆၀ ဟာ လေးနက်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်ခဲ့ကြပါတယ်။

People prepare for a wedding photo shoot near Tokyo station. (Photo: AFP)

အိမ်ထောင်ပြုဖို့ စိတ်ဝင်စားသူ ၇၀ ရာခိုင်နှုန်းခန့်ဟာ အိမ်ထောင်ဖက်ရှာဖွေရာမှာ တက်တက်ကြွကြွ မရှိကြဘူးလို့ စစ်တမ်းတစ်ရပ်က ဖော်ပြပြီးနောက်ပိုင်းမှာ အက်ပလီကေးရှင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဝန်လေးနေမှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ တကယ် အိမ်ထောင်ပြုချင်သူတွေသာ ပါဝင်နိုင်ဖို့အတွက် လျှောက်ထားသူတွေဟာ တရားဝင် လူပျို၊ အပျို ဖြစ်ကြောင်း သက်သေပြရမယ့်အပြင် အွန်လိုင်းအင်တာဗျူးတွေကိုလည်း အောင်မြင်အောင် ဖြေဆိုရမှာ ဖြစ်ပါတယ်။ အက်ပလီကေးရှင်းက လူတစ်ဦးနဲ့ တစ်ဦးကြား လိုက်ဖက်ညီမှုကို အဆင့်သုံးဆင့်နဲ့ ပြသပေးတာကြောင့် တွေ့ဆုံဖို့ တုံ့ဆိုင်းနေသူတွေကို ခွန်အားပေးနိုင်ပါတယ်။

World first AI wedding takes place in Japan as woman marries virtual partner

၂၀၂၅ ခုနှစ် အစိုးရအချက်အလက်တွေအရ ဂျပန်နိုင်ငံမှာ မွေးဖွားနှုန်းဟာ ၁၀ နှစ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ကလေးမွေးဖွားမှု ၆၇၁,၂၃၆ ဦးနဲ့ စံချိန်တင် အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ၁ ဒသမ ၆ သန်းနဲ့ မွေးဖွားနှုန်းထက် နှစ်ဆကျော် ပိုများနေပါတယ်။ ဒါကြောင့် အစိုးရဟာ နည်းပညာအကူအညီယူပြီး လူငယ်တွေ အိမ်ထောင်ပြုဖို့နဲ့ ကလေးမွေးဖွားနှုန်း တိုးလာစေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref : Bangkokpost