ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုမ္ပဏီတွေဟာ ကုန်ကျစရိတ်လျှော့ချဖို့နဲ့ ပြိုင်ဆိုင်မှုဒဏ်ကို ခံနိုင်ဖို့အတွက် ဝန်ထမ်းတွေနေရာမှာ AI တွေကို အစားထိုးပြီး အလုပ်ထုတ်ပစ်တဲ့ “AI Layoff Trap” (AI အလုပ်ထုတ်မှု ထောင်ချောက်) ထဲကို ရောက်နေကြပါတယ်။ စီးပွားရေးပညာရှင်တွေရဲ့ လေ့လာချက်အရ အဲဒီလို အလုပ်ထုတ်တာက ကုမ္ပဏီတစ်ခုချင်းစီအတွက် ကုန်ကျစရိတ်သက်သာစေတယ်လို့ ထင်ရပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေပျောက်ဆုံးသွားတဲ့အခါ စားသုံးသူတွေရဲ့ ဝယ်လိုအားနဲ့ ဝယ်ယူနိုင်စွမ်းအားပါ ကျဆင်းသွားတာကြောင့် ရေရှည်မှာ လုပ်ငန်းအားလုံးရဲ့ အရောင်းအဝယ်တွေကို ပြန်လည်ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်အလုပ်မလျှော့ရင်လည်း ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ ကုန်ကျစရိတ်မတတ်နိုင်ဘဲ ရှုံးနိမ့်မှာဖြစ်လို့ အားလုံးက AI ဆီ ဦးတည်ပြေးနေကြသလို ဖြစ်နေပါတယ်။

The AI Layoff Trap: Cutting People Before You Understand the Work

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သုတေသီတွေက AI နဲ့ ဝန်ထမ်းအစားထိုးတဲ့ ကုမ္ပဏီတွေကို “Automation Tax” (အလိုအလျောက်စနစ်သုံးစွဲခွန်) ကောက်ခံဖို့ အကြံပြုထားပါတယ်။ အဲဒီအခွန်ငွေကို ဝန်ထမ်းတွေရဲ့ အရည်အချင်းအသစ်တွေ လေ့ကျင့်သင်ကြားပေးတဲ့နေရာနဲ့ ထိခိုက်သွားတဲ့ အလုပ်သမားတွေကို ကူညီပေးတဲ့နေရာတွေမှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပြီး စားသုံးသူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား ကျဆင်းမသွားအောင် ထိန်းသိမ်းပေးနိုင်မယ့် ယာယီဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။ အန်သရိုးပစ် (Anthropic) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကလည်း AI ကြောင့် အလုပ်သမားဈေးကွက် ပြောင်းလဲမှုက အရင်နည်းပညာ တော်လှန်ရေးတွေထက် ပိုမိုမြန်ဆန်ပြီး ကျယ်ပြန့်တာကြောင့် စီးပွားရေးစနစ်က လက်ခံနိုင်စွမ်းထက် ပိုမိုမြန်ဆန်နေမှာကို စိုးရိမ်ကြောင်း သတိပေးထားပါတယ်။

The AI Layoff Trap - A Contrarian view

တကယ်လည်း ၂၀၂၆ ခုနှစ်အတွင်း အမေရိကန် နည်းပညာကဏ္ဍမှာတင် ဝန်ထမ်းပေါင်း ၁ သိန်းခွဲကျော် အလုပ်ထုတ်ခံထားရပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ မေတာ (Meta)၊ စစ်စကို (Cisco)၊ အိုရကယ် (Oracle) တို့လို နည်းပညာကုမ္ပဏီကြီးတွေတင်မကဘဲ အက်စတီးလောဒါ (Estée Lauder) အလှကုန်လုပ်ငန်း၊ ဟိုင်းနက်ကန် (Heineken) ဘီယာလုပ်ငန်းနဲ့ ယူပီအက်စ် (UPS) ပို့ဆောင်ရေးလုပ်ငန်းကြီးတွေပါ ပါဝင်လာတာကြောင့် ဒီလှိုင်းလုံးဟာ နည်းပညာလောကတင်မကဘဲ ကမ္ဘာ့လုပ်ငန်းကဏ္ဍ အသီးသီးဆီကိုပါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

Ref : Nation Thailand