Redmi Note 13 Series ကို မကြာခင်က တရုတ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို နိုင်ငံတကာမှာ Redmi နဲ့ Poco ဖုန်းတွေ အနေနဲ့ ရောင်းချနိုင်ပါတယ်။

Xiaomi Redmi Note 13 Pro+ brings IP68 rating, 200MP main cam and Dimensity  7200-Ultra - GSMArena.com news

အခုတော့ အဲဒီအထဲက စမတ်ဖုန်း ၁ လုံးကို Poco X6 5G အမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ Xiaomiui က မော်ဒယ်နံပါတ် 2312DRAF3G (Global) နဲ့ 2312DRAF3I (India) ပါတဲ့ Poco စမတ်ဖုန်း ၁ လုံးကို IMEI ဒေတာဘေ့စ်မှာ တွေ့လာရတယ်လို့ ပြောပါတယ်။ အဲဒီ ဂဏန်းတွေရဲ့ ပထမဆုံး ၄ လုံးအရ အဲဒီဖုန်းတွေကို ဒီဇင်ဘာလမှာ ကြေညာမှာပါ။

အဲဒီဖုန်းရဲ့ လျှို့ဝှက်အမည်က Iron -p ဖြစ်ပြီး Poco X6 5G လို့ အမည်ပေးထားနိုင်ပါတယ်။ အဲဒီဖုန်းဟာ Redmi Note 13 နဲ့ အများစု တူညီနိုင်ပါတယ်။

Redmi Note 13

MIUI Code အရ Poco X6 5G မှာ Redmi Note 13 ရဲ့ 108MP အစား 64MP Main ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

64MP ကင်မရာ ပါတဲ့ Redmi Note 13 ကို တရုတ်မှာ Redmi Note 13R Pro အမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ နိုင်ငံတကာမှာတော့ Poco X6 5G အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Poco X6 5G မှာ MediaTek Dimensity 6080 Chip ထည့်သွင်းထားနိုင်ပြီး 6.67” 120Hz OLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ 5,000mAh Battery နဲ့ 33W Charging ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina