Xiaomi ဟာ ဒီနှစ်ထဲမှာ Redmi K70 Series ကို ကြေညာမှာ ဖြစ်ပါတယ်။ Xiaomi က Redmi K70 Series အကြောင်းကို ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါတယ်။

ဒါပေမယ့် အခုတော့ Model Code 23117RK66C ပါတဲ့ Xiaomi ရဲ့ စမတ်ဖုန်း ၁ လုံးကို Geekbench မှာ အဓိက Specs တွေနဲ့အတူ တွေ့လာရပြီ ဖြစ်ပြီး အဲဒါဟာ Redmi K70 Pro လို့ ထင်ရပါတယ်။

Alleged Redmi K70 Pro appears on Geekbench with key specs

အဲဒီ စမတ်ဖုန်းမှာ Android 14 မောင်းနှင်ထားပြီး 16GB RAM ထည့်သွင်းထားပါတယ်။ 1+2+5 Configuration ပါတဲ့ Octa-core CPU မောင်းနှင်ထားပြီး Prime Core ရဲ့ Maximum Clock Frequency က 3.19 GHz ဖြစ်ပါတယ်။

အဲဒီ Chipset ဟာ မကြေညာရသေးတဲ့ Snapdragon 8 Gen 3 SoC ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်ကို အတည်ပြုနိုင်ဖို့ သတင်းအရင်းအမြစ်များစွာကို စောင့်ကြည့်ရဦးမှာပါ။

Redmi K60 Pro

အရင်နှစ်က ထွက်ရှိခဲ့တဲ့ Redmi K60 Pro မှာ Snapdragon 8 Gen 2 SoC ပါလာတာ ဖြစ်တဲ့အတွက် Redmi K70 Pro မှာ Snapdragon 8 Gen 3 SoC ပါလာမှာက ဖြစ်နိုင်ပါတယ်။

နောက်လမှာ ကျင်းပမယ့် Qualcomm’s Snapdragon Summit မှာ Snapdragon 8 Gen 3 SoC ကို ကြေညာမှာ ဖြစ်ပါတယ်။

Redmi K70 Series မှာ Redmi K70, Redmi K70e နဲ့ Redmi K70 Pro စတဲ့ စမတ်ဖုန်း ၃ လုံးပါလာမယ်လို့သတင်းထွက်နေပါတယ်။

Ref : gsmarena