အသက် ၁၉ နှစ်အရွယ် တရုတ်လူငယ် ဝေရှီယွမ် (Wei Shiyuan) ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ AI နည်းပညာသုံး ဒရုန်းနဲ့ စမတ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့တာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေပန်းစားနေပါတယ်။ လက်ရှိမှာ ဟူနန်တက္ကသိုလ် (Hunan University) မှာ ပညာသင်ကြားနေရင်း နည်းပညာစတားအပ် (Startup) ကုမ္ပဏီရဲ့ စီအီးအို (CEO) အဖြစ် တာဝန်ယူထားတာကြောင့် သူ့ကို “ကျောင်းဝတ်စုံဝတ် စီအီးအို” လို့လည်း ခေါ်ဆိုကြပါတယ်။ အဲဒီလုပ်ငန်းကို သူဟာ အလယ်တန်းကျောင်းသားဘဝကတည်းက သူငယ်ချင်းနှစ်ယောက်နဲ့အတူ စက်ရုပ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယဆုရရှိခဲ့ပြီးနောက်ပိုင်း စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

19-year-old male student builds his own drone, owns two technology companies .

အစပိုင်းမှာ စီးပွားရေးလုပ်တာက ပညာရေးကို ထိခိုက်မှာစိုးရိမ်တဲ့ မိဘတွေကို အသိမပေးဘဲ ကုမ္ပဏီကို တရားဝင်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အိမ်လခနဲ့ ရေဒီယိုခ အပါအဝင် အထွေထွေကုန်ကျစရိတ်တွေကို ပေးဆောင်နိုင်ဖို့အတွက် ဝေရှီယွမ်ဟာ ဟော့ပေါ့ဆိုင်မှာ စားပွဲထိုးအလုပ်နဲ့ အစားအသောက်ပို့ဆောင်တဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ကိုင်ပြီး ကုမ္ပဏီကို ရုန်းကန်ရပ်တည်ခဲ့ရပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ အများပြည်သူသုံးနိုင်မယ့် ဈေးနှုန်းချိုသာတဲ့ ပထမဆုံးဒရုန်းကို စတင်ရောင်းချနိုင်ခဲ့ပြီး ရရှိလာတဲ့ ကနဦးဝင်ငွေ တရုတ်ယွမ် ၅၀,၀၀၀ ကျော် ကို ဝန်ထမ်းတွေရဲ့ လစာပေးဖို့ ချက်ချင်းအသုံးပြုခဲ့ပါတယ်။

Meet 19-Year-Old CEO Who Built A Drone Startup And Donated Nearly ₹1 Crore  To...

လက်ရှိမှာ ဝန်ထမ်း ၁၁ ယောက်အထိ ရှိလာပြီး လုပ်ငန်းအောင်မြင်လာတဲ့အတွက် သူ့ရဲ့ကျောင်းဟောင်းက သန့်ရှင်းရေးဝန်ထမ်းတွေ နားနေဆောင်ဆောက်လုပ်ဖို့ တရုတ်ယွမ် ၁၀၀,၀၀၀ ကို ပြန်လည်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မကြာသေးခင်က ကုမ္ပဏီအသစ်တစ်ခုကို ထပ်မံတည်ထောင်ပြီး စကီးစီးသူတွေရဲ့ ကိုယ်ဟန်အနေအထားကို အချိန်နဲ့တပြေးညီ ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့ AI စနစ်သုံး ပစ္စည်းအသစ်ကို တီထွင်ကာ ပြည်ပနိုင်ငံတွေကို ထောင်နဲ့ချီ ရောင်းချနေရပြီ ဖြစ်ပါတယ်။ သူဟာ Xiaomi ရဲ့ တည်ထောင်သူ လေဂျွန် (Lei Jun) ကို စံပြပုဂ္ဂိုလ်အဖြစ် အားကျပြီး တစ်နေ့မှာ လူကိုယ်တိုင်တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေပါတယ်။

Ref : Khaosod