Apple က WWDC မှာ watchOS 9 ကို ကြေညာလိုက်ပါတယ်။ watchOS 9 မှာ Watch Faces , Workout App , Sleep Stages တို့အတွက် တိုးတက်မှုတွေ ပါလာပြီး ပထမဆုံး အနေနဲ့ AFib History ထည့်သွင်းထားကာ Medication Tracking ပါလာပါတယ်။
watchOS 9 မှာ Watch Faces အသစ် ၄ ခု ထည့်သွင်းထားပြီး Lunar, Playtime , Metropolitan နဲ့ Astronomy တို့ ဖြစ်ပါတယ်။ လက်ရှိ Watch Faces တွေကိုလည်း အဆင့်မြှင့်ပေးထားပြီး Portraits Face မှာ ကြောင်၊ ခွေးနဲ့ Landscape ဓါတ်ပုံတွေရဲ့ Depth Effect ကို ပြသပေးထားပါတယ်။ Modular, Modular Compact နဲ့ X-Large လို Classic Watch Faces တွေမှာ Background Color နဲ့ Gradient ကို ချိန်ညှိလို့ရလာပါတယ်။
Workout App မှာ သတင်းအချက်အလက်တွေနဲ့ စံချိန်တွေကို ပိုမို ပြသလာပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ အနားယူတဲ့ အချိန်တွေကို သတ်မှတ်လို့ရလာပါတယ်။ နှလုံးခုန်နှုန်း၊ Pace Power အပါအဝင် Alert အသစ်တွေ ထည့်သွင်းထားပါတယ်။
Workout App မှာ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ပြေးတာတွေကို အလိုအလျှောက် ပြောင်းလဲပေးနိုင်တဲ့ Multisport Workout Type ပါလာပါတယ်။ အပြေးသမားတွေအတွက် စံချိန်အသစ်တွေကို ပြသပေးထားပြီး လမ်းကြောင်း ၁ ခုကို ပုံမှန် ပြေးနေသူတွေအတွက် အရင်စံချိန်တွေကို နှိုင်းယှဉ်လို့ရလာပါတယ်။
Apple က Sleep Stages ကို မိတ်ဆက်လိုက်ခြင်းဖြင့် အိပ်စက်မှုကို တိုင်းတာတဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ပြုလုပ်ပေးထားပြီး App မှာ REM , Core, Deep Sleep ကို ခွဲခြားပေးထားပါတယ်။
AFib အတွက် နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်လာပြီး Health App မှာ အပတ်စဉ် Notification နဲ့ အသေးစိတ် History တွေကို မြင်ရမှာပါ။ ဆရာဝန်တွေကို ပေးနိုင်ဖို့အတွက် PDF ဖိုင်ကို Download လုပ်နိုင်ပါတယ်။
watchOS 9 မှာ ဆေးမှတ်တမ်းတွေကို စီမံခန့်ခွဲနိုင်တဲ့ Medications ပါလာပြီး Schedule နဲ့ Reminder တွေ ထည့်သွင်းထားပါတယ်။ watchOS 9 ကို Compatible Apple Watch တွေအတွက် ဒီနှစ် နှောင်းပိုင်း ဖြန့်ချိမှာပါ။
ref : gsmarena