Apple Intelligence မှာ ChatGPT ကို ထည့်သွင်းပေးထားပြီး အခုတော့ Apple ဟာ Google Gemini ကို ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။

iOS 18.4 Beta မှာ Apple Intelligence ထဲမှာ OpenAI နဲ့ Google ကို ရွေးချယ်ဖို့ Option တွေကို တွေ့လာရပါတယ်။ Apple က Google Gemini ကို Apple Intelligence မှာ ဘယ်အချိန် ထည့်သွင်းပေးမလဲ ဆိုတာ မသိရသေးပါဘူး။

ဖြစ်နိုင်တာက ဧပြီလမှာ ထွက်လာမယ့် iOS 18.4 မှာ Google Gemini ကို ထည့်သွင်းပေးထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထက်လည်း ကြာမြင့်နိုင်ပြီး Apple ဟာ အနာဂတ်မှာ ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ပါတယ်။ Apple က ဒီအကြောင်းကို ဘာမှ မပြောသေးပါဘူး။ အရင်သတင်းတွေအရ Apple ဟာ Google Gemini အပါအဝင် တခြား AI Model တွေကို Apple Intelligence မှာ ထည့်သွင်းပေးမယ်လို့ သိခဲ့ရပါတယ်။

Apple preparing Google Gemini integration with Apple Intelligence - 9to5Mac

Apple ဟာ iOS 18.4 နဲ့ iPadOS 18.4 ထွက်ရှိမယ့် ဧပြီလမှာ ဥရောပမှာ Apple Intelligence ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီအချိန်မှာ Apple Intelligence မှာ တခြား ဘာသာစကားတွေကိုလည်း ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gsmarena