Samsung က Flex Gaming လို့ အမည်ပေးထားတဲ့ ခေါက်ချိုးနိုင်တဲ့ လက်ကိုင် ဂိမ်းစက်ကို ပြသလိုက်ပါတယ်။ လက်ကိုင် ဂိမ်းစက်ကို အလယ်ကနေ ခေါက်ချိုးနိုင်ပြီး ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။

Samsung Shows Off Switch-Like Foldable Game Console Concept – NintendoSoup

Steam Deck နဲ့ Nintendo Switch တို့လို လက်ကိုင် ဂိမ်းစက်တွေဟာ အနည်းငယ်ကြီးမားတဲ့အတွက် ဘောင်းဘီအိတ်ထဲ ထည့်သွားလို့တောင် အဆင်မပြေပါဘူး။ အဲဒီအတွက် Samsung က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Galaxy Z Flip Series တွေလို ခေါက်ချိုးနိုင်တဲ့ လက်ကိုင် ဂိမ်းစက်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Samsung shows off foldable handheld that's basically a Switch you can bend  in half | Eurogamer.net

7.2” Foldable OLED  Display တပ်ဆင်ထားပြီး Joysticks နဲ့ D-pad ထည့်သွင်းထားပါတယ်။ Display ကို အလယ်ကနေ ခေါက်ချိုးပြီး လွယ်ကူစွာ ယူဆောင်သွားနိုင်ပါတယ်။ ဘောင်းဘီအိတ်ထဲ ထည့်သွင်းသွားနိုင်တဲ့အတွက် တော်တော် အဆင်ပြေပါတယ်။ Joystick ကို ခေါက်ချိုးနိုင်အောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းကလည်း တော်တော်မိုက်ပါတယ်။

Samsung Flex Gaming ဟာ အခုမှ Concept အဆင့်ပဲ ရှိသေးပေမယ့် ဒီဇိုင်းက တော်တော်လန်းပါတယ်။ Samsung က Flex Gaming ကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : Gizmochina