အမေရိကန်နိုင်ငံ အတ်တလန်တာမြို့က Battleview Drive လူနေရပ်ကွက်ထဲကို မနက်အစောပိုင်းကြီး Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့ တက္ကစီ  အစီးရေ ၅၀ ကျော်ဟာ တစ်ဖက်ပိတ်လမ်းထဲ အုပ်စုလိုက်ကြီး တိုးဝင်လာပြီး ပတ်ချာလည်မောင်းနေခဲ့လို့ ဒေသခံတွေ အိပ်ရာကနိုးနိုးချင်း ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ ကားမောင်းသမားမပါတဲ့ ဒီကားအုပ်ကြီးဟာ လူနေရပ်ကွက်ထဲမှာ လမ်းတွေပိတ်ဆို့ ဆူညံနေစေရုံတင်မကဘဲ ရပ်ကွက်ထဲက ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို တိုက်မိမှာလားဆိုပြီး ဒေသခံတွေက ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပါ အတော်လေး စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

Chaos ensues as Atlanta residents protest the influx of over 50 self-driving taxis into their communities.

အခြေအနေက ပိုဆိုးသွားတာကတော့ ဒေသခံတချို့က ကားတွေမဝင်လာအောင် လမ်းပိတ်ဆို့တဲ့ ဆိုင်းဘုတ်တွေ စိုက်ထူပြီး တားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် အဲဒီစက်ရုပ်ကားတွေရဲ့ AI စနစ်က လမ်းကြောင်းကို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ ကွေ့တဲ့နေရာတွေမှာတင် တစ်ဆို့ကုန်လို့ ရပ်ကွက်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ရပါတယ်။ ရပ်ကွက်သားတွေက သူတို့အနေနဲ့ နည်းပညာကို မုန်းတီးနေတာမဟုတ်ပေမယ့် ခရီးသည်လည်းမပါဘဲ လူနေရပ်ကွက် လမ်းကျဉ်းလေးတွေထဲမှာ အခုလို လာပတ်မောင်းနေမယ့်အစား လမ်းမကြီးတွေပေါ်မှာပဲ သွားမောင်းစေချင်တယ်လို့ ဝေဖန်ပြောဆိုထားကြပါတယ်။

illustration

ဒီပြဿနာနဲ့ ပတ်သက်ပြီး Waymo ကုမ္ပဏီက လူထုရဲ့ ဝေဖန်ချက်တွေကို ကြားသိရပြီး ကားတွေရဲ့ လမ်းကြောင်းရွေးချယ်မှု စနစ်ကို အရေးပေါ် ပြင်ဆင်နေပါတယ်လို့ ထုတ်ပြန်လာပါတယ်။ ဒါပေမဲ့ အတ်တလန်တာမြို့မှာ ဒီလို မောင်းသူမဲ့ကားတွေကြောင့် အုန်းအုန်းထကြွ ပြဿနာတက်တာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မီးပွိုင့်တစ်ခုမှာ မောင်းသူမဲ့တက္ကစီ ၃ စီး ပြိုင်တူပိတ်မိပြီး လမ်းပိတ်ဆို့မှု အကြီးအကျယ် ဖြစ်ပွားခဲ့ဖူးတဲ့အတွက် ဒီနည်းပညာက တကယ်ပဲ စိတ်ချရရဲ့လားဆိုပြီး အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။

Ref : Khaosod