လျှပ်စစ်ကားမောင်းသူတွေ ဆောင်းတွင်းရောက်ရင် ဘက်ထရီအားအကျမြန်လို့ စိတ်ပျက်နေရတဲ့ ပြဿနာကို တရုတ်နိုင်ငံက FAW Jiefang မော်တော်ယာဉ်ကုမ္ပဏီနဲ့ HiNa Battery ကုမ္ပဏီတို့က အမိုက်စား ဖြေရှင်းချက်တစ်ခုနဲ့ မိတ်ဆက်လိုက်ပါတယ်။ အဲဒီအရာကတော့ ဆိုဒီယမ်အိုင်ယွန် (Sodium-ion) ဘက်ထရီကို တပ်ဆင်ထားတဲ့ Jiefang J6P အင်ဂျင်ကြီးထရပ်ကားပဲဖြစ်ပါတယ်။ ဒီထရပ်ကားကြီးဟာ ၇ လနီးပါးကြာ ခရီးဝေးမောင်းနှင်စမ်းသပ်မှုအတွင်း ကီလိုမီတာ ၁၅,၀၀၀ ကျော် (မိုင်ပေါင်း ၉,၃၀၀ ခန့်) အထိ လမ်းပေါ်မှာ လက်တွေ့မောင်းနှင်ပြခဲ့တာပါ။ ပြောင်းလဲနေတဲ့ လမ်းအခြေအနေတွေ၊ အကြိမ်ကြိမ် အားသွင်းတာတွေနဲ့ ဆိုးရွားတဲ့ ရာသီဥတုတွေကြားထဲ အမှန်တကယ် ကုန်စည်ပို့ဆောင်နေသလိုမျိုး အကြမ်းပတမ်း စမ်းသပ်မှုကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

China's sodium-ion push reaches heavy trucks with FAW Jiefang trial -  CnEVPost

ဒီစမ်းသပ်မှုမှာ အလန်းဆုံးအပိုင်းကတော့ အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိတဲ့ အလွန်အမင်းအေးစက်တဲ့ ရာသီဥတုအောက်မှာ စွမ်းဆောင်ရည်ပြသခဲ့တာပဲဖြစ်ပါတယ်။ ပုံမှန် လျှပ်စစ်ကားဘက်ထရီတွေဟာ ဒီလောက်အေးရင် အလုပ်မလုပ်တော့ပေမဲ့ ဒီဆိုဒီယမ်အိုင်ယွန်ဘက်ထရီကတော့ ဘက်ထရီပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ သုံးလို့ရအောင် ထိန်းထားပေးနိုင်ခဲ့လို့ အေးစက်တဲ့ ပတ်ဝန်းကျင်မှာ ကြံ့ကြံ့ခံနိုင်ရည်ရှိတာကို သက်သေပြခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သိုလှောင်မှုပမာဏ 339 kWh ရှိတဲ့ ဘက်ထရီကြီးကို အချို့သော စမ်းသပ်မှုတွေမှာ မိနစ် ၂၀ ခန့်နဲ့ အမြန်အားသွင်းနိုင်ခဲ့တဲ့အပြင် ဘယ်လိုခက်ခဲတဲ့ ပတ်ဝန်းကျင်မျိုးမှာမဆို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

From labs to logistics: China tests sodium batteries in HD trucks

အခုထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ဆိုဒီယမ်အိုင်ယွန် ဘက်ထရီတွေကို ဖုန်း ဒါမှမဟုတ် အရွယ်အစားအသေးစား ပစ္စည်းတွေမှာ သုံးရာကနေ အကြီးစားစီးပွားဖြစ် ကုန်တင်ထရပ်ကားကြီးတွေဆီ ကူးပြောင်းအသုံးပြုနိုင်တော့မယ့် အားတက်စရာ ခြေလှမ်းသစ်တစ်ခုပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိတဲ့ စွမ်းအင်သစ်တွေကို သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်ဖို့ လမ်းစဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Ref : Technology Innovation