လန်ဒန်မြို့မှာရှိတဲ့ ဆေးရုံတစ်ရုံက ဆရာဝန်တွေဟာ ၂၀၂၆ ခုနှစ် မေလမှာ ပြုလုပ်ခဲ့တဲ့ ဦးနှောက်ခွဲစိတ်မှုအတွင်း ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုပြီး အသက် ၄၈ နှစ်အရွယ် လူနာတစ်ဦးရဲ့ အကျိတ်ကို ဖယ်ရှားကာ အမြင်အာရုံပြန်ရအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။

London neurosurgeons perform first successful AI-assisted operation to remove  brain tumour | AI (artificial intelligence) | The Guardian

ခွဲစိတ်မှုပြုလုပ်နေချိန်မှာ AI စနစ်က ခွဲစိတ်ခန်းသုံး ကင်မရာကနေ တိုက်ရိုက်ဗီဒီယိုကို ခွဲခြမ်းစိတ်ဖြာပြီး သွေးကြောတွေနဲ့ အမြင်အာရုံဆိုင်ရာ အာရုံကြောတွေလို အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဆရာဝန်တွေ သိသာအောင် ပြသပေးခဲ့ပါတယ်။ ခွဲစိတ်မှုကို AI က ပြုလုပ်တာမဟုတ်ဘဲ ဆရာဝန်တွေကသာ အပြည့်အဝ ထိန်းချုပ်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

AI Helps Surgeons Remove Brain Tumor in Real Time During Operation:  'Groundbreaking Technology' - Yahoo News Singapore

အဲဒီ AI စနစ်ကို အရင်က မှတ်တမ်းတင်ထားတဲ့ ခွဲစိတ်မှုဗီဒီယို ရာပေါင်းများစွာနဲ့ လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီးနောက် လူနာရဲ့ အမြင်အာရုံဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ မျက်မှန်နဲ့ တုတ်ကောက် အကူအညီမပါဘဲ ကိုယ်တိုင် လမ်းလျှောက်နိုင်ခဲ့ပါတယ်။

Ref : Technology Innovation