တောင်ကိုရီးယားမှ Daegu Gyeongbuk Institute of Science and Technology (DGIST) ရဲ့ သုတေသနပညာရှင်တွေက ကိုယ်ခန္တာ လှုပ်ရှားမှု ကနေ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ စွမ်းရည်မြင့် ကိရိယာကို တီထွင်လိုက်ပါတယ်။

Electricity from body movement: 280x more efficient device developed in South Korea

အဲဒီ ကိရိယာဟာ သမားရိုးကျ ကိရိယာတွေထက် အဆပေါင်း ၂၈၀ လျှပ်စစ်စွမ်းအင် ပိုမို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီ ကိရိယာမှာ Piezoelectric Effect ကို အသုံးပြုထားပြီး တချို့ ကိရိယာတွေဟာ အားသက်ရောက်တဲ့ အခါမှာ လျှပ်စစ်စွမ်းအင် ထုတ်ပေးပါတယ်။ အဲဒီအတွက် လမ်းလျှောက်တာ၊ ကိုယ်ခန္တာကွေးညွှတ်တာနဲ့ လှုပ်ရှားတာတွေကနေ  လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်ပါတယ်။

ဒီလို နည်းပညာကို စမတ်နာရီတွေမှာ ထည့်သွင်းအသုံးပြုနေကြပေမယ့်  ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ အခု နည်းပညာကတော့ စွမ်းရည်မြင့်မားတဲ့အတွက် အားသွင်းစရာ မလိုတဲ့ စမတ်နာရီတွေကိုတောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို စမတ်နာရီ၊ Fitness Tracker နဲ့ ကျန်းမာရေး ဆန်ဆာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: Interestingengineering