ကမ္ဘာ့ပထမဆုံး ထရီလီယံနာကြီး ဖြစ်လာပြီး နှစ်ပတ်မပြည့်ခင်မှာတင် အီလွန်မတ်စ်ရဲ့ ရွှေထီးဆောင်းတဲ့နေ့ရက်တွေ ယာယီပြီးဆုံးသွားခဲ့ပါတယ်။ ဘလူးမ်းဘတ်ရဲ့ ဘီလီယံနာအညွှန်းကိန်းအရ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၁၁ ထရီလီယံကနေ ဒေါ်လာ ၉၅၇ ဘီလီယံအထိ ထိုးဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း စိတ်ပူစရာတော့မရှိပါဘူး၊ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရာထူးကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ပြီး အနီးစပ်ဆုံးပြိုင်ဘက်တွေထက် ပိုင်ဆိုင်မှု အဆမတန် ပိုများနေပါသေးတယ်။

အခုလို ပိုင်ဆိုင်မှု သန်းပေါင်းများစွာ ဝှေ့ခနဲ လွင့်ပါးသွားရတာဟာ ဉာဏ်ရည်တု (AI) နည်းပညာရဲ့ ရေရှည်အကျိုးအမြတ်အပေါ် စျေးကွက်ထဲ သံသယတွေ ဝင်လာတာကြောင့် ဖြစ်ပါတယ်။ နည်းပညာရှယ်ယာတွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုံးအရင်း ပြုတ်ကျခဲ့တဲ့ ဂယက်ဟာ အီလွန်မတ်စ်ရဲ့ SpaceX နဲ့ တက်စလာ ကုမ္ပဏီတွေဆီပါ ရိုက်ခတ်လာခဲ့ပါတယ်။ အထူးသဖြင့် ဇွန်လလယ်မှာ အမြင့်ဆုံးရောက်ခဲ့တဲ့ SpaceX ရှယ်ယာတွေဟာ ၃၀ ရာခိုင်နှုန်းကျော် ပြန်ကျသွားခဲ့ပြီး တနင်္လာနေ့တစ်ရက်ထဲမှာတင် ၁၆ ရာခိုင်နှုန်းအထိ ဒုန်းခနဲ ထိုးကျသွားခဲ့လို့ အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၂၄၀ ဘီလီယံလောက် တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့ရပါတယ်။
&imwidth=800&imheight=600&format=webp&quality=medium)
အီလွန်မတ်စ်ရဲ့ စည်းစိမ်ဥစ္စာ ၈၀ ရာခိုင်နှုန်းနီးပါးဟာ SpaceX ရှယ်ယာတွေထဲမှာတင် ရှိနေတာကြောင့် စျေးကွက်ရဲ့ အတက်အကျ အလှုပ်အခတ်ဒဏ်ကို အခြားသူတွေထက် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရလွယ်တာ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လနှောင်းပိုင်းမှာလည်း ကုမ္ပဏီအတွင်းလူတွေ ရှယ်ယာတွေ ပြန်ရောင်းခွင့်ရတော့မှာ ဖြစ်တာကြောင့် စျေးကွက်ဖိအားတွေ ဆက်ရှိနေနိုင်ပါသေးတယ်။ ဒါပေမဲ့ SpaceX ရှယ်ယာစျေး ၆ ရာခိုင်နှုန်းလောက်တင် ပြန်တက်လာရုံနဲ့ သူဟာ ထရီလီယံနာအဆင့်ကို ပြန်ရောက်လာမယ့် ကမ္ဘာ့ပထမဆုံး စံချိန်တင်လူသား ဖြစ်လာနိုင်တာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Ref : bbc