ဂျပန်နိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို အမျိုးသမီး ထက်ဝက်နီးပါးဟာ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းတဲ့အခါ လူတွေထက် AI ကို ပိုသဘောကျကြတယ်လို့ စစ်တမ်းတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ဂျပန်ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအသိုက်အမြုံမြှင့်တင်ရေးအဖွဲ့က အွန်လိုင်းကနေ လုပ်ခဲ့တဲ့ အဲဒီစစ်တမ်းအရ အသက် ၆၀ နဲ့ ၇၀ အရွယ် အမျိုးသမီး ၄၇.၈ ရာခိုင်နှုန်းက AI ကို ရွေးချယ်ခဲ့ကြပြီး လူကို ရွေးချယ်သူကတော့ ၃၇.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

An attendant watches people carrying a Mikoshi, a portable shrine, in front of the Senso-ji Temple during the Sanja Matsuri or Sanja Festival, one of the three largest Shinto festivals in Tokyo, at Asakusa district in Tokyo on May 17, 2026. (Photo: Reuters)

ဒီရလဒ်ဟာ တခြားအသက်အရွယ်အုပ်စုတွေနဲ့ ယှဉ်ရင် ပိုပြီးမြင့်မားနေတာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူခဲ့သူ အားလုံးရဲ့ စုစုပေါင်းရလဒ်မှာတော့ ၄၅.၈ ရာခိုင်နှုန်းက ဘက်လိုက်မှုမရှိတဲ့ အကြံဉာဏ်ရဖို့ လူကိုပဲ ရွေးချယ်ခဲ့ကြပြီး AI ကို ရွေးချယ်သူက ၃၆.၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အသက် ၆၀ နဲ့ ၇၀ အရွယ် အမျိုးသားတွေထဲမှာဆိုရင်လည်း ၅၇ ရာခိုင်နှုန်းက လူကိုပဲ ပိုသဘောကျပြီး ၂၅.၂ ရာခိုင်နှုန်းကပဲ AI ကို ရွေးချယ်ခဲ့ကြတာပါ။

Survey: Nearly half of older Japanese women prefer AI over people for relationship  advice

AI နဲ့ လူသားကျန်းမာရေးအကြောင်း လေ့လာနေတဲ့ ချီဘာတက္ကသိုလ်က တွဲဖက်ပါမောက္ခ အဆူရှီ နာကာဂိုမီက အခုလို သက်ကြီးရွယ်အိုအမျိုးသမီးတွေ AI ကို ပိုသဘောကျနေတဲ့အပေါ် အံ့သြမိတယ်လို့ ပြောပါတယ်။ AI က လူတွေကို ပိုပြီးပွင့်ပွင့်လင်းလင်း ပြောရဲအောင် လုပ်ပေးနိုင်ပြီး မိမိပြောလိုက်တဲ့ စကားအပေါ် တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ စိုးရိမ်စရာမလိုဘဲ လွတ်လွတ်လပ်လပ် အကြံဉာဏ်တောင်းနိုင်လို့ ဖြစ်မယ်လို့လည်း သူက သုံးသပ်ထားပါတယ်။ ဒီအွန်လိုင်းစစ်တမ်းကို ဂျပန်မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၇၉ နှစ်ကြား လူဦးရေ ၁,၄၄၉ ယောက်ဆီကနေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

Ref : Bangkokpost