[Zawgyi]

Honor 9X ကို လာမယ့္ ဇူလိုင္လ ၂၃ ရက္ေန႔မွာ တရားဝင္မိတ္ဆက္မယ္ဆိုတဲ့ သတင္းၾကားရေပမယ့္ ဒီစမတ္ဖုန္းနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ေအာင္ျမင္ခဲ့တဲ့ Honor 8X ေၾကာင့္ ဒီႏွစ္ထြက္မယ့္ Honor 9X ဟာ ေမွ်ာ္လင့္ခ်က္ေပါင္းမ်ားစြာနဲ႔ ေစာင့္ႀကိဳခံေနရတဲ့ စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။

မၾကာေသးခင္ရက္ပိုင္းက ထြက္လာတဲ့ Teaser မွာေတာ့ Honor 9X ဟာ ေဈးႏႈန္းသက္သာၿပီး ျမန္ဆန္တဲ့စမတ္ဖုန္း ျဖစ္မယ္လို႔အဓိပၸါယ္ရတဲ့ စာသားေတြ ေတြ႕ျမင္ခဲ့ရပါတယ္။ 10W အျမန္အားသြင္းစနစ္ ပါဝင္လာမယ္ ဆိုတာကလြဲၿပီး က်န္တဲ့ အခ်က္အလက္ေတြ မသိရွိရေသးဘူးဆိုေပမယ့္ Kirin 810 SoC သုံးထားမယ္လို႔ေတာ့ ခန႔္မွန္းေနခဲ့ၾကၿပီး ျဖစ္ပါတယ္။

Kirin 810 ကို တရားဝင္မိတ္ဆက္ထားတာ ႏွစ္ပတ္ေလာက္ပဲ ရွိပါေသးတယ္။။ 7nm ထုတ္လုပ္မႈလုပ္ငန္းစဥ္ေပၚ အေျခခံထားတဲ့ Kirin 810 ဟာ 1.88 GHz Six Cortex-A55 Cores ေတြနဲ႔ 2.27 GHz အရည္အေသြးျမင့္ Cortex-A76 Cores ႏွစ္ခုနဲ႔ ေမာင္းႏွင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Mali-G52 MP6 GPU လည္း ပါဝင္လာဦးမွာပါ။ ကုမၸဏီရဲ႕အဆိုအရ Kirin 710 SoC ထက္ စြမ္းေဆာင္ရည္ 162% ပိုေကာင္းတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ကအထိ Honor 9X မွာ Kirin 810 SoC သုံးႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ အသစ္ထြက္ေပၚလာတဲ့ Teaser ေၾကာင့္ အတည္ျပဳႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ သတင္းထြက္ေပၚေနတဲ့ Honor 9X Pro မွာလည္း Kirin 810 SoC ကိုပဲ သုံးလာမယ္လို႔ ယူဆရပါတယ္။ ဘာေတြထပ္ၿပီး ထူးျခားလာဦးမလဲဆိုတာကေတာ့ ေနာက္ထပ္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSMArena

[Unicode]

Honor 9X မှာ Kirin 810 သုံးထားတယ်ဆိုတာ အတည်ပြုနိုင်ပြီ

Honor 9X ကို လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်မယ်ဆိုတဲ့ သတင်းကြားရပေမယ့် ဒီစမတ်ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက အောင်မြင်ခဲ့တဲ့ Honor 8X ကြောင့် ဒီနှစ်ထွက်မယ့် Honor 9X ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ စောင့်ကြိုခံနေရတဲ့ စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။

မကြာသေးခင်ရက်ပိုင်းက ထွက်လာတဲ့ Teaser မှာတော့ Honor 9X ဟာ ဈေးနှုန်းသက်သာပြီး မြန်ဆန်တဲ့စမတ်ဖုန်း ဖြစ်မယ်လို့အဓိပ္ပါယ်ရတဲ့ စာသားတွေ တွေ့မြင်ခဲ့ရပါတယ်။ 10W အမြန်အားသွင်းစနစ် ပါဝင်လာမယ် ဆိုတာကလွဲပြီး ကျန်တဲ့ အချက်အလက်တွေ မသိရှိရသေးဘူးဆိုပေမယ့် Kirin 810 SoC သုံးထားမယ်လို့တော့ ခန့်မှန်းနေခဲ့ကြပြီး ဖြစ်ပါတယ်။

Kirin 810 ကို တရားဝင်မိတ်ဆက်ထားတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။။ 7nm ထုတ်လုပ်မှုလုပ်ငန်းစဉ်ပေါ် အခြေခံထားတဲ့ Kirin 810 ဟာ 1.88 GHz Six Cortex-A55 Cores တွေနဲ့ 2.27 GHz အရည်အသွေးမြင့် Cortex-A76 Cores နှစ်ခုနဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Mali-G52 MP6 GPU လည်း ပါဝင်လာဦးမှာပါ။ ကုမ္ပဏီရဲ့အဆိုအရ Kirin 710 SoC ထက် စွမ်းဆောင်ရည် 162% ပိုကောင်းတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ကအထိ Honor 9X မှာ Kirin 810 SoC သုံးနိုင်တယ်လို့ ခန့်မှန်းခဲ့ရပေမယ့် ဒီနေ့မှာတော့ အသစ်ထွက်ပေါ်လာတဲ့ Teaser ကြောင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းထွက်ပေါ်နေတဲ့ Honor 9X Pro မှာလည်း Kirin 810 SoC ကိုပဲ သုံးလာမယ်လို့ ယူဆရပါတယ်။ ဘာတွေထပ်ပြီး ထူးခြားလာဦးမလဲဆိုတာကတော့ နောက်ထပ်စောင့်ကြည့်ရဦးမှာပါ။

Ref: GSMArena