Honor က ဂိမ်းအသားပေး GT Series ရဲ့ Pro Version ကို ကြေညာလိုက်ပါတယ်။ Honor GT Pro ဟာ စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး Overclocked Snapdragon 8 Elite Chipset ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့ 7,200mAh Battery နဲ့ 90W Charging ပါလာပြီး 50MP ကင်မရာ ၄ လုံး တပ်ထားပါတယ်။ တရုတ်ပြင်ပမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။

Honor GT Pro launched with overclocked Snapdragon 8 Elite and 7,200 mAh battery

Honor GT Pro မှာ 6.78” LTPO OLED FHD+ Display , 1-144Hz Variable Refresh Rate , 6000 Nits Peak Brightness ထည့်သွင်းထားပြီး Display ကို Honor Giant Rhino Glass နဲ့ ကာကွယ်ထားပါတယ်။ Display အောက်မှာ Ultrasonic Fingerprint Sensor ထည့်ထားပြီး IP68/69 Rating ပါပါတယ်။

Honor GT Pro launched with overclocked Snapdragon 8 Elite and 7,200 mAh battery

Snapdragon 8 Elite Chip ထည့်သွင်းထားပြီး Overclocked Version ဖြစ်ပါတယ်။ 16GB LPDDR5X RAM နဲ့ 1TB UFS 4.1 Storage အထိ ထည့်သွင်းထားပါတယ်။

50MP ကင်မရာ ၄ လုံး တပ်ထားပြီး IMX906 Main , 3x Telephoto (IMX856) , 120 Degree Ultrawide အနောက်ကင်မရာတွေ ပါပါတယ်။ အရှေ့ဘက်မှာ 22mm Selfie ကင်မရာ တပ်ထားပါတယ်။ Software က Android 15 အခြေပြု MagicOS 9.0 သုံးထားပါတယ်။

Honor GT Pro အတွက် Gold, White နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၅၀၅ ဒေါ်လာနဲ့ 16GB/1TB ကို ၆၅၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : Gsmarena