Honor ရဲ့ အမိုက်စား ဘက်ထရီနဲ့ ကိုယ်ထည်ခိုင်ခံ့မှုကို အဓိကဇောင်းပေးထားတဲ့ Honor Win Turbo မော်ဒယ်သစ်ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အရင်ထွက်ထားတဲ့ မော်ဒယ်တွေလို အပူဒဏ်ခံပန်ကာ (Cooling fan) မပါတော့ဘဲ ပါဝါစား အလွန်သက်သာမယ့် Dimensity 8500 ချစ်ပ်ပြားကို ပြောင်းလဲအသုံးပြုထားပါတယ်။ ဒါကြောင့် ဒီဖုန်းဟာ ဘက်ထရီအသုံးခံမှုကို အစွမ်းကုန် လိုချင်သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ Endurance ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

Honor Win Turbo is now live with 10,000 mAh battery and durable chassis

ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ သာမန်ဖုန်းတွေလိုပဲ ဒီဇိုင်းပိုင်း ကျစ်ကျစ်လျစ်လျစ်နဲ့ လှပနေပေမဲ့ ဖုန်းလောကမှာ တွေ့ရခဲတဲ့ IP68၊ IP69 နဲ့ IP69K ဆိုတဲ့ ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်ရည် စံချိန်သုံးမျိုးစလုံးကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ကိုယ်ထည်က ဘယ်လောက်အထိ ခိုင်ခံ့လဲဆိုရင် အပူချိန်မြင့်မားတဲ့ ရေဖိအားပြင်းပြင်းတွေနဲ့ ပက်ဖျန်းတာကိုတောင် အေးဆေးခံနိုင်ရည် ရှိပါတယ်။ မျက်နှာပြင်မှာလည်း 120Hz refresh rate ရှိတဲ့ ၆.၇၉ လက်မ OLED စကရင်ကို သုံးပေးထားပြီး ကင်မရာပိုင်းမှာတော့ အနောက်ဘက် 50MP ပင်မကင်မရာ၊ 5MP Ultrawide နဲ့ အရှေ့ဘက် 16MP ဆဲလ်ဖီးကင်မရာတို့ ပါဝင်ပါတယ်။

Honor Win Turbo is now live with 10,000 mAh battery and durable chassis

ဖုန်းရဲ့ အဓိက အသက်ဖြစ်တဲ့ 10,000 mAh ဘက်ထရီကြီးကို အားအမြန်သွင်းနိုင်ဖို့ 80W ဝါယာကြိုးသုံး အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး သုညကနေ ရာခိုင်နှုန်းပြည့် အားပြည့်ဖို့ မိနစ် ၉၀ ခန့်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ အမည်း၊ အဖြူနဲ့ အပြာ သုံးရောင် ထွက်ရှိထားပြီး အခြေခံမော်ဒယ် RAM 12GB + Storage 256GB ဗားရှင်းကို တရုတ်ယွမ်ငွေ ၂,၆၉၉ ယွမ် (ယူရို ၃၄၀ ဝန်းကျင်) နဲ့ တန်ဖိုးသင့်သင့်နဲ့ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena