အခုဆိုရင် လူပြောများနေတဲ့ Honor X80 Pro Max   ဖုန်းကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်၊၊ အဲဒီဖုန်းရဲ့ အဓိက ထူးခြားချက်ကတော့ လက်ရှိ စမတ်ဖုန်းလောကမှာ မြင်တွေ့ဖူးသမျှထဲမှာ ပမာဏအကြီးမားဆုံး ဖြစ်တဲ့ 11,000 mAh ဘက်ထရီ ပါဝင်လာတာပဲ ဖြစ်ပါတယ်၊၊ အဲဒီဘက်ထရီဟာ 90W အားသွင်းစနစ်ကို ထောက်ပံ့ပေးသလို တခြားဖုန်းတွေကို 27W နဲ့ ပြန်လည်အားသွင်းပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်၊၊

Honor X80 Pro Max launches with the brand's biggest battery yet -  GSMArena.com news

120Hz refresh rate နဲ့ Peak Brightness 10,000-nit အထိ ရရှိနိုင်မယ့် ၆.၈ လက်မ 1280×2788 LTPS AMOLED မျက်နှာပြင်ကို သုံးထားပါတယ်၊၊ ကင်မရာပိုင်းမှာတော့ OIS စနစ်ပါဝင်တဲ့ 50MP ပင်မကင်မရာနဲ့ 8MP ဆဲလ်ဖီကင်မရာတို့ ပါဝင်ပါတယ်၊၊ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Snapdragon 6 Gen 5 SoC ကို အသုံးပြုထားပြီး RAM 8/12GB နဲ့ Storage 128/256/512GB တို့ တွဲဖက်ပေးထားပါတယ်၊၊

HONOR X80 Pro Max launching on June 22 🚀 🔹 World's first 10,000-nit  display 🔹 Massive 11,000mAh battery 🔹 200MP camera 🔹 Dimensity 9500  Super Edition #HONOR #HonorX80ProMax Read More:  https://www.mymobileindia.com/honor-x80-pro-max-as-worlds-first ...

Honor X80 Pro Max မှာ MagicOS 10 အခြေခံထားတဲ့ Android 16 စနစ် ပါဝင်လာပါတယ်၊၊ ဒါ့အပြင် မျက်နှာပြင်အောက် လက်ဗွေစကင်နာ ပါဝင်သလို ဖုန်မှုန့်နဲ့ ရေစိုခံနိုင်တဲ့ IP68 နဲ့ IP69K rating စနစ်တွေလည်း ပါဝင်ပါတယ်၊၊

အဲဒီဖုန်းကို အမည်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်နဲ့ “Moon Shadow” ဆိုပြီး အရောင် ၄ ရောင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်၊၊ ပုံမှန်စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး 8/128GB မော်ဒယ်ကို ယွမ် ၁,၉၉၉ (ဒေါ်လာ ၂၉၅ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref : gsmarena