Zawgyi

Huawei Mate 30 Pro အတြက္ Promo ဓါတ္ပုံလုိ႔ ယူဆရတဲ့ပုံေတြ အင္တာနက္ေပၚေရာက္လာျပန္ပါၿပီ။ ေနာက္ဘက္မွာရွိတဲ့ စက္ဝန္းပုံ ကင္မရာေနရာကို အေသးစိတ္ျမင္ေတြ႕ခြင့္ရလာခဲ့ၿပီး ယခင္က ထြက္ခဲ့တဲ့ Render ေတြမွာ ေဖာ္ျပထားတဲ့ Triple-camera အစား ေနာက္ဘက္ကင္မရာက ေလးလုံး (Quad) ျဖစ္ေနပါတယ္။

အမွန္ကေတာ့ စက္ဝန္းပုံေနရာမွာ ကင္မရာသုံးလုံးနဲ႔ Flash အတြက္ တစ္ေနရာဆုိတာက ပိုၿပီး ယုတၱိရွိတယ္လို႔ ယူဆခဲ့ၾကတာပါ။ ဒါေပမယ့္ အခုပုံမွာေတာ့ LED Flash ဟာ ကင္မရာေတြရဲ႕ေဘးမွာ သက္သက္ ပါဝင္လာတာကို ေတြ႕ရပါတယ္။

ဒါဆုိရင္ စတုတၳေျမာက္ကင္မရာက ဘာအတြက္လဲ ဆုိတဲ့ ေမးခြန္းကထပ္ေပၚလာပါတယ္။ Huawei P30 မွာ Ultra-wide, Wide နဲ႔ Tele အတြက္ အေျခခံလိုအပ္ခ်က္အားလုံးကို ထည့္သြင္းထားၿပီးျဖစ္တာေၾကာင့္ ဒီစတုတၳေျမာက္ကင္မရာဟာ 3D Sensor ျဖစ္မယ္လို႔ ယူဆရတယ္။

ယခင္ကေပါက္ၾကားခဲ့တဲ့ Leak ေတြအရ Mate 30 Pro မွာ အႀကီးစား Sensor ႏွစ္ခုပါမယ္ဆုိတာ သိထားရၿပီးပါၿပီ။ အဓိကကင္မရာအတြက္ 1/1.55” တစ္ခုနဲ႔ Ultra-wide ကင္မရာအတြက္ 1/1.7” ပါ။ တတိယ တစ္ခုကေတာ့ 5x Periscope Zoom ျဖစ္ပါတယ္။

အားသြင္းစနစ္ကိုၾကည့္ရင္ ႀကိဳးနဲ႔အားသြင္းတာကေတာ့ 40W ပါပဲ။ ဒါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္က ယခင္ 15W ကေန အခု 27W ထိေတာင္ ျမင့္တက္လာပါတယ္။ ဒီအခ်က္အလက္ကေတာ့ မၾကာေသးခင္က FCC ခြင့္ျပဳခ်က္ရရွိထားတဲ့ သူတုိ႔ရဲ႕ 30W Wireless Charger နဲ႔ကိုက္ညီေနတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Mate 30 Pro မွာ ျမင္ဖူးသမွ်ထဲ အျမန္ဆုံး ႀကိဳးမဲ့အားသြင္းစနစ္ ပါဝင္လာမွာပါ။

Mate 30 Pro မွာ Kirin 990 ခ်စ္ပ္ဆက္ ပါဝင္လာမွာကို တရားဝင္အတည္ျပဳထားပါတယ္။ Huawei ရဲ႕ Mate 30 မိသားစုဝင္ေတြကို လာမယ့္စက္တင္ဘာ ၆ ရက္ေန႔မွာ မိတ္ဆက္ေပးသြားေတာ့မွာပါ။

Ref – GSM Arena

Unicode

Huawei Mate 30 Pro အတွက် Promo ဓါတ်ပုံလို့ ယူဆရတဲ့ပုံတွေ အင်တာနက်ပေါ်ရောက်လာပြန်ပါပြီ။ နောက်ဘက်မှာရှိတဲ့ စက်ဝန်းပုံ ကင်မရာနေရာကို အသေးစိတ်မြင်တွေ့ခွင့်ရလာခဲ့ပြီး ယခင်က ထွက်ခဲ့တဲ့ Render တွေမှာ ဖော်ပြထားတဲ့ Triple-camera အစား နောက်ဘက်ကင်မရာက လေးလုံး (Quad) ဖြစ်နေပါတယ်။

အမှန်ကတော့ စက်ဝန်းပုံနေရာမှာ ကင်မရာသုံးလုံးနဲ့ Flash အတွက် တစ်နေရာဆိုတာက ပိုပြီး ယုတ္တိရှိတယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမယ့် အခုပုံမှာတော့ LED Flash ဟာ ကင်မရာတွေရဲ့ဘေးမှာ သက်သက် ပါဝင်လာတာကို တွေ့ရပါတယ်။

ဒါဆိုရင် စတုတ္ထမြောက်ကင်မရာက ဘာအတွက်လဲ ဆိုတဲ့ မေးခွန်းကထပ်ပေါ်လာပါတယ်။ Huawei P30 မှာ Ultra-wide, Wide နဲ့ Tele အတွက် အခြေခံလိုအပ်ချက်အားလုံးကို ထည့်သွင်းထားပြီးဖြစ်တာကြောင့် ဒီစတုတ္ထမြောက်ကင်မရာဟာ 3D Sensor ဖြစ်မယ်လို့ ယူဆရတယ်။

ယခင်ကပေါက်ကြားခဲ့တဲ့ Leak တွေအရ Mate 30 Pro မှာ အကြီးစား Sensor နှစ်ခုပါမယ်ဆိုတာ သိထားရပြီးပါပြီ။ အဓိကကင်မရာအတွက် 1/1.55” တစ်ခုနဲ့ Ultra-wide ကင်မရာအတွက် 1/1.7” ပါ။ တတိယ တစ်ခုကတော့ 5x Periscope Zoom ဖြစ်ပါတယ်။

အားသွင်းစနစ်ကိုကြည့်ရင် ကြိုးနဲ့အားသွင်းတာကတော့ 40W ပါပဲ။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ်က ယခင် 15W ကနေ အခု 27W ထိတောင် မြင့်တက်လာပါတယ်။ ဒီအချက်အလက်ကတော့ မကြာသေးခင်က FCC ခွင့်ပြုချက်ရရှိထားတဲ့ သူတို့ရဲ့ 30W Wireless Charger နဲ့ကိုက်ညီနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Mate 30 Pro မှာ မြင်ဖူးသမျှထဲ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမှာပါ။

Mate 30 Pro မှာ Kirin 990 ချစ်ပ်ဆက် ပါဝင်လာမှာကို တရားဝင်အတည်ပြုထားပါတယ်။ Huawei ရဲ့ Mate 30 မိသားစုဝင်တွေကို လာမယ့်စက်တင်ဘာ ၆ ရက်နေ့မှာ မိတ်ဆက်ပေးသွားတော့မှာပါ။

Ref – GSM Arena