Zawgyi

Huawei ကေန လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ Huawei Mate 30 Series စမတ္ဖုန္းအသစ္ေတြကို တရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Huawei Mate 30 Series ဖုန္းေတြ မမိတ္ဆက္ခင္မွာ အရင္ဆုံး Huawei ရဲ႕ Wireless FreeBuds Earphone ေတြရဲ႕ မ်ိဳးဆက္သစ္ကို ျမင္ရဖို႔ရွိေနပါတယ္။

Huawei က အခုသတင္းကို Official Twitter Account မွာတင္ထားေပးခဲ့တာျဖစ္ၿပီးေတာ့ Audio Experience အသစ္ကို ေပးစြမ္းႏိုင္မယ့္ Kirin နည္းပညာဆိုၿပီး ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ျဖစ္ႏိုင္တာက Huawei FreeBuds Earphone အသစ္နဲ႔အတူ Wireless Earphones ေတြအတြက္ Kirin Chipset အသစ္ကိုပါ ျမင္ေတြ႕ရဖို႔မ်ားေနပါတယ္။

ေလာေလာဆယ္မွာ Huawei ကေန စမတ္ဖုန္းေတြအတြက္ပဲ Kirin Processor ေတြကို ထုတ္လုပ္ေနတာျဖစ္ၿပီး ဒီလိုမ်ိဳး Wireless Earphones ေတြအတြက္ပါ Processor ေတြကို ထုတ္ေပးေတာ့မယ္ဆိုေတာ့ အနည္းငယ္ထူးဆန္းေနတယ္လို႔ ေျပာရမွာပါ။ ျဖစ္ႏိုင္တာက Apple ရဲ႕ လက္ရွိ AirPods ေတြမွာ အသုံးျပဳေနတဲ့ W1 Chipset လိုမ်ိဳး Audio Quality နဲ႔ ခ်ိတ္ဆက္မႈေတြမွာ အေထာက္အကူေပးႏိုင္ေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ယူဆရပါတယ္။

Huawei ကိုယ္တိုင္ကလည္း အခု Kirin Chipset အသစ္အသုံးျပဳလာမယ့္ Huawei FreeBuds Earphones အသစ္က ပိုၿပီးလြယ္ကူျမန္ဆန္တဲ့ ခ်ိတ္ဆက္မႈေတြ၊ Latency လုံးဝမရွိသလို Quality Sound ေတြကို ေပးစြမ္းႏိုင္မယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Ref – GSM Arena

Unicode

Huawei ကနေ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ Huawei Mate 30 Series စမတ်ဖုန်းအသစ်တွေကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Huawei Mate 30 Series ဖုန်းတွေ မမိတ်ဆက်ခင်မှာ အရင်ဆုံး Huawei ရဲ့ Wireless FreeBuds Earphone တွေရဲ့ မျိုးဆက်သစ်ကို မြင်ရဖို့ရှိနေပါတယ်။

Huawei က အခုသတင်းကို Official Twitter Account မှာတင်ထားပေးခဲ့တာဖြစ်ပြီးတော့ Audio Experience အသစ်ကို ပေးစွမ်းနိုင်မယ့် Kirin နည်းပညာဆိုပြီး ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက်ဖြစ်နိုင်တာက Huawei FreeBuds Earphone အသစ်နဲ့အတူ Wireless Earphones တွေအတွက် Kirin Chipset အသစ်ကိုပါ မြင်တွေ့ရဖို့များနေပါတယ်။

လောလောဆယ်မှာ Huawei ကနေ စမတ်ဖုန်းတွေအတွက်ပဲ Kirin Processor တွေကို ထုတ်လုပ်နေတာဖြစ်ပြီးတော့ ဒီလိုမျိုး Wireless Earphones တွေအတွက်ပါ Processor တွေကို ထုတ်ပေးတော့မယ်ဆိုတော့ အနည်းငယ်ထူးဆန်းနေတယ်လို့ ပြောရမှာပါ။ ဖြစ်နိုင်တာက Apple ရဲ့ လက်ရှိ AirPods တွေမှာ အသုံးပြုနေတဲ့ W1 Chipset လိုမျိုး Audio Quality နဲ့ ချိတ်ဆက်မှုတွေမှာ အထောက်အကူပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ယူဆရပါတယ်။

Huawei ကိုယ်တိုင်ကလည်း အခု Kirin Chipset အသစ်အသုံးပြုလာမယ့် Huawei FreeBuds Earphones အသစ်က ပိုပြီးလွယ်ကူမြန်ဆန်တဲ့ ချိတ်ဆက်မှုတွေ၊ Latency လုံးဝမရှိသလို Quality Sound တွေကို ပေးစွမ်းနိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Ref – GSM Arena