Zawgyi

HUAWEI ကေန MWC အႀကိဳ ပြဲတစ္ပြဲ က်င္းပခဲ့ၿပီး အဆိုပါ ပြဲမွာ 5G နည္းပညာ အေၾကာင္း အဓိက ေျပာၾကားသြားၿပီး ကုမၸဏီရဲ႕ 5G မိုဒမ္ အသစ္တစ္ခုျဖစ္တဲ့ Balong 5G မိုဒမ္နဲ႕ အတူ 5G အေထာက္အပံ့ေပးတဲ့ Hardware အစိတ္အပိုင္း ေတြအေၾကာင္း ေျပာၾကားသြားပါတယ္။ တစ္နာရီေက်ာ္ ၾကာျမင့္တဲ့ တင္ျပခ်က္ အၿပီးမွာေတာ့ HUAWEI ဟာ 5G ဖုန္း တစ္လုံးကို MWC ပြဲကို ယူေဆာင္လာေတာ့မယ္လို႔ အတိအလင္းေၾကညာလိုက္ပါတယ္။

MWC မွာ ျပသ သြားမယ့္ 5G ဖုန္းဟာ ရိုးရိုး သာမန္ 5G ဖုန္းေတာင္ မဟုတ္ပဲ ေကြးေခါက္လို႔ ရတဲ့ မ်က္ႏွာျပင္နဲ႕ 5G ဖုန္းပါ။ Samsung သာ သူ႕ရဲ႕ 5G ဖုန္းကို အရင္ မိတ္မဆက္ခဲ့ရင္ HUAWEI ရဲ႕ ေကြးေခါက္လို႔ရတဲ့ မ်က္ႏွာျပင္နဲ႕ 5G ဖုန္းဟာ ကမာၻ႔ ပထမဆုံး ျဖစ္လာမွာပါ။ Samsung ရဲ႕ Galaxy Foldable ဖုန္းဟာလည္း 5G ကြန္ရက္ အေထာက္အပံ့ ပါဝင္မယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း အဆိုပါ သတင္းကို တရားဝင္ အတည္ျပဳျခင္းမရွိေသးပါဘူး။

HUAWEI ရဲ႕ ေခါက္ေကြးမ်က္ႏွာျပင္နဲ႕ 5G ဖုန္းမွာ Kirin 980 ပရိုဆက္ဆာကို အသုံးျပဳထားၿပီး 5G ကြန္ရက္ အသုံးျပဳနိုင္ဖို႔ အတြက္ေတာ့ ကုမၸဏီရဲ႕ ေနာက္ဆုံးထုတ္ Balong 5000 မိုဒမ္ကို တပ္ဆင္ေပးထားပါတယ္။ HUAWEI ဟာ MWC မွာ မိတ္ဆက္မယ့္ 5G ဖုန္းအေၾကာင္း ေၾကညာတဲ့ ေနရာမွာ “5G ဖုန္း” လို႔မေျပာသြားပဲ “5G ဖုန္းေတြ” လို႔ေျပာသြားတဲ့ အတြက္ MWC မွာ မိတ္ဆက္မယ့္ 5G ဖုန္းဟာ တစ္လုံးထက္ ပိုနိုင္ပါတယ္။

ေအာက္က ဗီဒီယိုထဲမွာေတာ့ HUAWEI CEO ျဖစ္တဲ့ Richard Yu ကေန Foldable 5G ဖုန္းအေၾကာင္း ေၾကညာေနတာကို ေတြ႕နိုင္ပါတယ္။

Ref: Gizmo China

Unicode

ခေါက်ကွေးလို့ရတဲ့ မျက်နှာပြင်နဲ့ 5G စမတ်ဖုန်းတစ်လုံးကို MWC 2019 မှာ ပြသမယ့် HUAWEI

HUAWEI ကနေ MWC အကြို ပွဲတစ်ပွဲ ကျင်းပခဲ့ပြီး အဆိုပါ ပွဲမှာ 5G နည်းပညာ အကြောင်း အဓိက ပြောကြားသွားပြီး ကုမ္ပဏီရဲ့ 5G မိုဒမ် အသစ်တစ်ခုဖြစ်တဲ့ Balong 5G မိုဒမ်နဲ့ အတူ 5G အထောက်အပံ့ပေးတဲ့ Hardware အစိတ်အပိုင်း တွေအကြောင်း ပြောကြားသွားပါတယ်။ တစ်နာရီကျော် ကြာမြင့်တဲ့ တင်ပြချက် အပြီးမှာတော့ HUAWEI ဟာ 5G ဖုန်း တစ်လုံးကို MWC ပွဲကို ယူဆောင်လာတော့မယ်လို့ အတိအလင်းကြေညာလိုက်ပါတယ်။

MWC မှာ ပြသ သွားမယ့် 5G ဖုန်းဟာ ရိုးရိုး သာမန် 5G ဖုန်းတောင် မဟုတ်ပဲ ကွေးခေါက်လို့ ရတဲ့ မျက်နှာပြင်နဲ့ 5G ဖုန်းပါ။ Samsung သာ သူ့ရဲ့ 5G ဖုန်းကို အရင် မိတ်မဆက်ခဲ့ရင် HUAWEI ရဲ့ ကွေးခေါက်လို့ရတဲ့ မျက်နှာပြင်နဲ့ 5G ဖုန်းစာ ကမ္ဘာ့ ပထမဆုံး ဖြစ်လာမှာပါ။ Samsung ရဲ့ Galaxy Foldable ဖုန်းဟာလည်း 5G ကွန်ရက် အထောက်အပံ့ ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အဆိုပါ သတင်းကို တရားဝင် အတည်ပြုခြင်းမရှိသေးပါဘူး။

HUAWEI ရဲ့ ခေါက်ကွေးမျက်နှာပြင်နဲ့ 5G ဖုန်းမှာ Kirin 980 ပရိုဆက်ဆာကို အသုံးပြုထားပြီး 5G ကွန်ရက် အသုံးပြုနိုင်ဖို့ အတွက်တော့ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Balong 5000 မိုဒမ်ကို တပ်ဆင်ပေးထားပါတယ်။ HUAWEI ဟာ MWC မှာ မိတ်ဆက်မယ့် 5G ဖုန်းအကြောင်း ကြေညာတဲ့ နေရာမှာ “5G ဖုန်း” လို့မပြောသွားပဲ “5G ဖုန်းတွေ” လို့ပြောသွားတဲ့ အတွက် MWC မှာ မိတ်ဆက်မယ့် 5G ဖုန်းဟာ တစ်လုံးထက် ပိုနိုင်ပါတယ်။

အောက်က ဗီဒီယိုထဲမှာတော့ HUAWEI CEO ဖြစ်တဲ့ Richard Yu ကနေ Foldable 5G ဖုန်းအကြောင်း ကြေညာနေတာကို တွေ့နိုင်ပါတယ်။

Ref: Gizmo China