Apple က iPhone SE ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပြီး iPhone 16e ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ A18 Chip သုံးထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲ သုံးထားပြီး 48MP “2 – in-1 Camera System” ဖြစ်ပါတယ်။ Apple က Lossless 2x Zoom လုပ်နိုင်တယ်လို့ ပြောပါတယ်။
6.1” Super Retina XDR OLED Display သုံးထားပြီး Ceramic Shield နဲ့ ကာကွယ်ထားပါတယ်။ အမာကျောဆုံး ဖန်နဲ့ အနောက်ဘက်ကို ဖုံးအုပ်ထားပြီး Apple က 6.1” iPhone တွေထဲမှာ ဘက်ထရီ သက်တမ်း အကောင်းဆုံးလို့ ပြောပါတယ်။ iPhone SE အားလုံးထက် ဘက်ထရီ သက်တမ်းက ၁၂ နာရီ ပိုကြာပါတယ်။ ဗီဒီယိုကြည့်ရင် ၂၆ နာရီခံပြီး သီချင်းနားထောင်ရင် နာရီ ၉၀ ခံပါတယ်။ မိနစ် ၃၀ မှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ်လည်း ပါပါတယ်။
အနောက်ဘက် 48MP ကင်မရာမှာ Night Mode နဲ့ 4K Dolby Vision Video Recording ပါပါတယ်။ အရှေ့ဘက်မှာ 12MP ကင်မရာ သုံးထားပြီး Night Mode, Portrait Mode ပါပါတယ်။
Face ID လည်း ပါလာပြီး USB-C သုံးထားပါတယ်။ Apple Intelligence Features ပါတဲ့ iOS 18 မောင်းနှင်ထားပါတယ်။ Photo Editing အတွက် Clean Up ၊ Natural-Language Photo Searches နဲ့ AI-generated Genmoji တို့လို On-device AI Features တွေ ပါပါတယ်။ Siri မှာ ChatGPT Integration ပါလာပါတယ်။
Action Button ပါလာပေမယ့် Camera Control မပါလာပါဘူး။ Action Button ကနေ ကင်မရာ၊ Translate ၊ Shazam နဲ့ Third-party App တွေကို လျှင်မြန်စွာ သုံးနိုင်ပါတယ်။
iPhone 16e မှာ Apple ကိုယ်တိုင်ထုတ် C1 Modem ထည့်ထားပြီး Emergency SOS, Roadside Assistance, Messages နဲ့ Find My via Satellite အပါအဝင် ဂြိုလ်တု ဆက်သွယ်ရေး ပါပါတယ်။
iPhone 16e ဟာ အဖြူနဲ့ အနက် ၂ ရောင်ထဲနဲ့ လာပါတယ်။ ဒီလ ၂၁ ရက်နေ့မှာ ပရီအော်ဒါ တင်နိုင်ပြီး ၂၈ ရက်နေ့ ရောင်းမှာပါ။ Storage Version ၃ ခု ရွေးနိုင်ပြီး 128GB ကို ၅၉၉ ဒေါ်လာ ၊ 256GB ကို ၆၉၉ ဒေါ်လာနဲ့ 512GB ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
ref : gsmarena