တောင်ကိုရီးယား ကားကုမ္ပဏီ Kia က ကားတွေမှာ ကြော်ငြာတွေ ကပ်ပြီး Elon Musk ကို လှောင်ပြောင်လိုက်ပါတယ်။ နော်ဝေးမှာ Kia EV3 ကားမှာ Bumper Sticker ကပ်ထားပြီး “I bought this after Elon went crazy.” လို့ ရေးသားထားပါတယ်။
ဖင်လန်က ကြော်ငြာမှာ “ Elon , hinting at the shifting political climate” လို့ ရေးသားထားပါတယ်။ Musk ဟာ အမေရိကန် နိုင်ငံရေးလောကထဲမှာ ပါဝင်ပတ်သက်နေတာကို မကျေနပ်သူတွေ များနေတဲ့အတွက် အခုလို လှောင်ပြောင်တာ ဖြစ်ပါတယ်။
Tesla Fans တွေကတော့ ဒါကို မကျေနပ်ကြပေမယ့် အင်တာနက် သုံးစွဲသူများစွာက Kia ရဲ့ ကြော်ငြာကို သဘောကျနေကြပါတယ်။
Elon Musk ဟာ ဒေါ်နယ်ထရမ့် လက်အောက်မှာ အစိုးရ စွမ်းရည်မြှင့်တင်ရေး ဌာနကို ဦးဆောင်နေပြီး အမေရိကန် အစိုးရရဲ့ အသုံးစားရိတ်တွေကို ဖြတ်တောက်နေပါတယ်။ ဒါကို ကမ္ဘာအဝန်းမှ လူသန်းပေါင်းများစွာက မကျေမနပ် ဖြစ်နေကြပြီး Tesla ကားတွေကို မဝယ်ဖို့ ဆန္ဒထုတ်ဖော်နေကြပါတယ်။
Ref : Tech Explorers