ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ Pushkin စာကြည့်တိုက်မှာ ရောဘတ် (Robert) နဲ့ မာတီဒါ (Matilda) လို့ အမည်ပေးထားတဲ့ လူတူစက်ရုပ် နှစ်ရုပ်ရဲ့ မင်္ဂလာပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရဲ့ ပထမဆုံး စက်ရုပ် မင်္ဂလာပွဲ အခမ်းအနားဖြစ်ပြီး ရုရှားရဲ့ မိသားစု၊ မေတ္တာနဲ့ သစ္စာရှိမှုနေ့ အထိမ်းအမှတ်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Humanoid robots 'get married' in Russian ceremony | News | Independent TV

အဲဒီ အခမ်းအနားမှာ စက်ရုပ်စုံတွဲဟာ ကြိုတင်ထည့်သွင်းထားတဲ့ မင်္ဂလာကတိစကားတွေကို ပြောကြားခဲ့ကြပြီး Dogmatik လို့ အမည်ရတဲ့ စက်ရုပ်ခွေးလေးက ပေးပို့တဲ့ အထိမ်းအမှတ် လက်စွပ်တွေကို လဲလှယ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေကို ပြသခဲ့ကြတာကြောင့် မီဒီယာတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားမှု များပြားခဲ့ပါတယ်။

Russia Holds First-Ever Humanoid Robot Wedding

အဲဒီပွဲဟာ တရားဝင် လက်ထပ်ပွဲ မဟုတ်သလို စက်ရုပ်တွေမှာ စိတ်ခံစားချက်ရှိကြောင်း ပြသတာလည်း မဟုတ်ဘူးလို့ စီစဉ်သူတွေက ပြောထားပါတယ်။ လူတူစက်ရုပ် နည်းပညာ တိုးတက်လာမှုကို ပြသဖို့နဲ့ အနာဂတ်မှာ အိမ်သုံးစက်ရုပ်တွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာကို အများပြည်သူ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Ref : Times of India