Meta ဝန်ထမ်းတွေကြားမှာ မကြာခင် Slack ရဲ့ အသံတွေ ဆူညံသွားပါတော့မယ်။ ကုမ္ပဏီတွင်း ဆက်သွယ်ရေးအတွက် အမြဲသုံးနေကျ Google Chat ကို စွန့်လွှတ်ပြီး Slack ကို ပြောင်းလဲအသုံးပြုတော့မယ်လို့ Meta ရဲ့ AI အကြီးအကဲ Alexandr Wang က ယခုတစ်ပတ်မှာ မှတ်တမ်းလွှာကနေတစ်ဆင့် အသိပေးလိုက်ပါတယ်။

Slack launches dedicated channels for collaborative vibe coding with AI agents

ဒီလို ရုတ်တရက် ပြောင်းလဲလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဉာဏ်ရည်တု (AI) နည်းပညာတွေကြောင့်ပါပဲ။ Slack ဟာ AI ကိုယ်စားလှယ် (AI agents) တွေအတွက် ဆွေးနွေးပြောဆိုနိုင်စွမ်း ပိုကောင်းသလို၊ တီထွင်သူတွေအတွက် အထောက်အကူပြုကိရိယာတွေနဲ့ ပြင်ပလုပ်ငန်းတွေနဲ့ ချိတ်ဆက်နိုင်စွမ်း အားကောင်းတယ်လို့ Wang က ဆိုပါတယ်။

ဝန်ထမ်းတိုင်း AI တွေ မဖန်တီးနိုင်ရင်တောင် အဲဒီလို ပြည့်စုံကောင်းမွန်တဲ့ AI ဂေဟစနစ်ကနေ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်မယ်လို့ သူက ရှင်းပြထားပါတယ်။

Slack launches dedicated channels for collaborative vibe coding with AI agents

အဲဒီအပြောင်းအလဲဟာ ၂၀၂၁ ခုနှစ်မှာ Slack ကို ကန်ဒေါ်လာ ၂၇.၇ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ မိခင်ကုမ္ပဏီ Salesforce အတွက်တော့ အောင်ပွဲကြီးတစ်ခု ဖြစ်သွားပါတယ်။

လတ်တလောမှာ AI ထုတ်ကုန်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်ဆောင်နေတဲ့ Salesforce အနေနဲ့ အခုလို Meta ရဲ့ ယုံကြည်မှုကို ရရှိလိုက်တာဟာ သူတို့ရဲ့ စီးပွားရေးမျှော်မှန်းချက်တွေအတွက် တွန်းအားတစ်ရပ် ဖြစ်လာမှာ သေချာပါတယ်။

Ref: businessinsider