လက်ရှိအချိန်မှာ Apple Mac ကွန်ပျူတာတွေအကုန်လုံးကို ကိုယ်ပိုင် Apple Chip နဲ့ ပြောင်းလဲထုတ်လုပ်နေပြီဖြစ်ပါတယ်။ MacBook Pro ၊ MacBook Air ၊ iMac နဲ့ Mac Mini တွေကို Apple M1 Chip နဲ့မိတ်ဆက်ထားပြီးဖြစ်ပါတယ်။
ဒီိလိုမျိုး Apple ဟာ ကိုယ်ပိုင် Chip ကိုပဲ ပြောင်းလဲအသုံးပြုလိုက်တာကြောင့် စွမ်းဆောင်ရည်ပိုင်းအပြင် Battery Life ပိုင်းမှာပါ ယခင်ထက် အများကြီးပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။အဲ့ဒီအတွက် Microsoft ကလည်း Surface Product တွေမှာ ကိုယ်ပိုင် Chipset ကို ထုတ်လုပ်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် Microsoft ကနေ နောက်ပိုင်းထုတ်လုပ်ဖို့ရှိနေတဲ့ Device တွေ အတွက် Silicon ၊ Hardware ၊ Software Engineer တွေအပြင် Designer နဲ့ Manufacturing ပိုင်းအတွက် ဝန်ထမ်းတွေ ခေါ်နေတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ အလုပ်ခေါ်စာကို HotHardware ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး အစောဆုံး ပြီးခဲ့တဲ့စက်တင်ဘာလ ၃ ရက်နေ့ထဲက စတင်ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Microsoft ဟာ Surface Pro X Series အတွက် Qualcomm နဲ့ပူးပေါင်းပြီး ARM-based SQ1 နဲ့ SQ2 Chip တွေကို အသုံးပြုခဲ့ဖူးပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Intel Processor တွေထက်တောင် အားနည်းနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Microsoft အနေနဲ့ Apple M1 Chip တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် လုံးဝကိုယ်ပိုင် Chip တွေကိုပဲထုတ်လုပ်သွားဖို့ စီစဥ်နေပုံရပါတယ်။
Ref – Gizmo China