Zawgyi

OPPO ရဲ႕ Vice President ျဖစ္တဲ့ Shen Yiren ကေနၿပီး OPPO ရဲ႕ Brand ျဖစ္လာမယ့္ Reno ကို မိတ္ဆက္လိုက္ပါတယ္။ Brand အသစ္ရဲ႕ Logo ကိုလည္း ျပသခဲ့ၿပီး Logo ရဲ႕ အေရာင္ဟာ သစ္လြင္ဆန္းသစ္တာေၾကာင့္ လူငယ္ေတြကို ဦးတည္ၿပီး စမတ္ဖုန္းေတြကို ထုတ္လုပ္သြားမွာပါ။

အဆိုပါ Reno Brand ရဲ႕ လက္ေအာက္ကေန ပထမဆံုး ထုတ္လုပ္မယ့္ ဖုန္းအသစ္တစ္လံုးကို ဧၿပီ ၁၀ ရက္ေန႔မွာ တ႐ုတ္ျပည္တြင္းမွာ စတင္မိတ္ဆက္မယ္လို႔ OPPO ကေန တရားဝင္ ေၾကညာထားပါတယ္။ အဆိုပါ စမတ္ဖုန္းသစ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ သိရျခင္းမရွိေသးပါဘူး။

Reno Brand ကို မိတ္မဆက္ခင္ကပဲ OPPO ဘက္ကေန ဧၿပီလအတြင္း စမတ္ဖုန္းသစ္ တစ္လံုးမိတ္ဆက္မယ္လို႕ သတင္းေတြထြက္ေနခဲ့တာပါ။ စမတ္ဖုန္းသစ္ရဲ႔ နာမည္ကို မသိေသးေပမယ့္ အဆိုပါ ဖုန္းအသစ္ဟာ OPPO နာမည္နဲ႔ မဟုတ္ပဲ Reno Brand နာမည္နဲ႔ ဖုန္းတစ္လံုးျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဖုန္းဒီဇိုင္းပိုင္းမွာလဲ သမား႐ိုးက် OPPO ဖုန္းဒီဇိုင္းေတြက ခြဲထြက္ၿပီး ဒီဇိုင္းအသစ္နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။

Reno ရဲ႕ ဖုန္းေတြဟာ Realme လို Mid-range ပ႐ိုဆက္ဆာေတြ မသံုးထားပဲ Qualcomm ရဲ႕ စြမ္းေဆာင္ရည္အျမင့္ဆံုး ပ႐ိုဆက္ဆာေတြျဖစ္တဲ့ Snapdragon 855 လို ပ႐ိုဆက္ဆာေတြကို သံုးသြားမယ္လို႔ OPPO ဘက္က ေျပာၾကားထားပါတယ္။ ကင္မရာပိုုင္းမွာလည္း OPPO ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Zoom ဆယ္ဆခ်ဲ႕ၿပီး ႐ိုက္ကူးႏိုင္တဲ့ 10x Optical Zoom နည္းပညာေတြကို ထည့္သြင္းေပးသြားမွာပါ။ အဆိုပါ နည္းပညာကို ဘာစီလိုနာမွာ က်င္းပခဲ့တဲ့ MWC 2019 မွာ ျပသၿပီးပါၿပီ။

ဖုန္းအသစ္မွာ 4,065mAh ရွိတဲ့ ႀကီးမားတဲ့ ဘက္ထရီကိုလည္း တပ္ဆင္ေပးသြားမွာမို႔ Snapdragon 855 သာ အမွန္တစ္ကယ္သံုးစြဲခဲ့ရင္ ဘက္ထရီ သက္တမ္းအေကာင္းဆံုး ဖုန္းတစ္လံုးျဖစ္လာႏိုင္ပါတယ္။ အားအျမန္သြင္း စနစ္အေၾကာင္းေတာ့ ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ OnePlus ရဲ႕ Warp Charge လို အားအျမန္သြင္းစနစ္တစ္ခု ထည့္သြင္းေပးမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ဧၿပီလမွာ မိတ္ဆက္မယ့္ အဆိုပါ စမတ္ဖုန္းအသစ္ကို အလံုးေရ တစ္သန္းထိထုတ္လုပ္ထားမွာျဖစ္ၿပီး OPPO ဘက္ကေတာ့ ေရာင္းအား အရမ္းေကာင္းမယ့္ဖုန္းတစ္လံုးလို႔ ေမွ်ာ္လင့္ေနပါၿပီ။ အဆိုပါ ဖုန္းအသစ္မွာ ဂိမ္းအသားေပး လုပ္ေဆာင္ခ်က္ေတြျဖစ္တဲ့ Liquid Cooling System နဲ႔ Stereo Speaker ေတြပါဝင္လာႏိုင္ပါတယ္။ OPPO ရဲ႕ တရားဝင္ေျပာၾကားခ်က္အရ 3.5mm နားက်ပ္ေပါက္လည္း ထည့္သြင္းေပးထားမွာမို႔ တန္ဖိုးႀကီး 3.5mm နားက်ပ္ဝယ္ထားတဲ့သူေတြ အတြက္ ကြက္တိပါပဲ။

Ref: Gizmo China

Unicode

OPPO ရဲ့ Brand အခွဲ Reno

OPPO ရဲ့ Vice President ဖြစ်တဲ့ Shen Yiren ကနေပြီး OPPO ရဲ့ Brand ဖြစ်လာမယ့် Reno ကို မိတ်ဆက်လိုက်ပါတယ်။ Brand အသစ်ရဲ့ Logo ကိုလည်း ပြသခဲ့ပြီး Logo ရဲ့ အရောင်ဟာ သစ်လွင်ဆန်းသစ်တာကြောင့် လူငယ်တွေကို ဦးတည်ပြီး စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမှာပါ။

အဆိုပါ Reno Brand ရဲ့ လက်အောက်ကနေ ပထမဆုံး ထုတ်လုပ်မယ့် ဖုန်းအသစ်တစ်လုံးကို ဧပြီ ၁၀ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်မယ်လို့ OPPO ကနေ တရားဝင် ကြေညာထားပါတယ်။ အဆိုပါ စမတ်ဖုန်းသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သိရခြင်းမရှိသေးပါဘူး။

Reno Brand ကို မိတ်မဆက်ခင်ကပဲ OPPO ဘက်ကနေ ဧပြီလအတွင်း စမတ်ဖုန်းသစ် တစ်လုံးမိတ်ဆက်မယ်လို့ သတင်းတွေထွက်နေခဲ့တာပါ။ စမတ်ဖုန်းသစ်ရဲ့ နာမည်ကို မသိသေးပေမယ့် အဆိုပါ ဖုန်းအသစ်ဟာ OPPO နာမည်နဲ့ မဟုတ်ပဲ Reno Brand နာမည်နဲ့ ဖုန်းတစ်လုံးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းဒီဇိုင်းပိုင်းမှာလဲ သမားရိုးကျ OPPO ဖုန်းဒီဇိုင်းတွေက ခွဲထွက်ပြီး ဒီဇိုင်းအသစ်နဲ့ ပွဲထွက်လာနိုင်ပါတယ်။

Reno ရဲ့ ဖုန်းတွေဟာ Realme လို Mid-range ပရိုဆက်ဆာတွေ မသုံးထားပဲ Qualcomm ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး ပရိုဆက်ဆာတွေဖြစ်တဲ့ Snapdragon 855 လို ပရိုဆက်ဆာတွေကို သုံးသွားမယ်လို့ OPPO ဘက်က ပြောကြားထားပါတယ်။ ကင်မရာပိုုင်းမှာလည်း OPPO ရဲ့ စွမ်းဆောင်ရည်မြင့် Zoom ဆယ်ဆချဲ့ပြီး ရိုက်ကူးနိုင်တဲ့ 10x Optical Zoom နည်းပညာတွေကို ထည့်သွင်းပေးသွားမှာပါ။ အဆိုပါ နည်းပညာကို ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ MWC 2019 မှာ ပြသပြီးပါပြီ။

ဖုန်းအသစ်မှာ 4,065mAh ရှိတဲ့ ကြီးမားတဲ့ ဘက်ထရီကိုလည်း တပ်ဆင်ပေးသွားမှာမို့ Snapdragon 855 သာ အမှန်တစ်ကယ်သုံးစွဲခဲ့ရင် ဘက်ထရီ သက်တမ်းအကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ အားအမြန်သွင်း စနစ်အကြောင်းတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် OnePlus ရဲ့ Warp Charge လို အားအမြန်သွင်းစနစ်တစ်ခု ထည့်သွင်းပေးမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဧပြီလမှာ မိတ်ဆက်မယ့် အဆိုပါ စမတ်ဖုန်းအသစ်ကို အလုံးရေ တစ်သန်းထိထုတ်လုပ်ထားမှာဖြစ်ပြီး OPPO ဘက်ကတော့ ရောင်းအား အရမ်းကောင်းမယ့်ဖုန်းတစ်လုံးလို့ မျှော်လင့်နေပါပြီ။ အဆိုပါ ဖုန်းအသစ်မှာ ဂိမ်းအသားပေး လုပ်ဆောင်ချက်တွေဖြစ်တဲ့ Liquid Cooling System နဲ့ Stereo Speaker တွေပါဝင်လာနိုင်ပါတယ်။ OPPO ရဲ့ တရားဝင်ပြောကြားချက်အရ 3.5mm နားကျပ်ပေါက်လည်း ထည့်သွင်းပေးထားမှာမို့ တန်ဖိုးကြီး 3.5mm နားကျပ်ဝယ်ထားတဲ့သူတွေ အတွက် ကွက်တိပါပဲ။

Ref: Gizmo China