OPPO က တရုတ်မှာ A Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ OPPO A2 လို့ အမည်ပေးထားပြီး OPPO A2X ကို ကြေညာအပြီး ၂ ပတ်အကြာမှာ ချပြလိုက်တာ ဖြစ်ပါတယ်။ OPPO A2 ရဲ့ အဓိက Specs အများစုဟာ အိန္ဒိယမှာ ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့တဲ့ OPPO A79 နဲ့ တူညီကြပါတယ်။

OPPO A2 မှာ 6.72” IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ ကင်မရာကို 8MP နဲ့ အဆင့်မြှင့်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ 8MP Ultrawide ကင်မရာတွေ  တပ်ဆင်ထားပါတယ်။

OPPO A2 မှာ MediaTek Dimensity 6020 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256/512GB Storage ပါပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

OPPO A2 အတွက် အနက်၊ အစိမ်းနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB Version ကို ၂၃၂ ဒေါ်လာနဲ့ 12/512GB Version ကို ၂၄၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena