OPPO က တရုတ်မှာ A3i Plus ကို ကြေညာလိုက်ပြီး အရင်နှစ် ဇူလိုင်လက ကြေညာခဲ့တဲ့ OPPO A3 နဲ့ တူနေတာကို တွေ့ရပါတယ်။ Specs တွေကလည်း အဲဒီဖုန်း ၂ လုံးမှာ ကွဲပြားမှု မရှိပါဘူး။ A3i Plus ရဲ့ မော်ဒယ်နံပါတ်ကလည်း တူညီနေပါတယ်။

OPPO A3i Plus Debuts as the Strongest, Most Affordable, and Most Unique  Smartphone • innoGyan

OPPO A3i Plus မှာ 6.7” OLED FHD+ 120Hz Display တပ်ဆင်ထားပြီး Qualcomm Snapdragon 695 Chipset ပါလာပါတယ်။ ပင်မ ကင်မရာ အတွက် 50MP ကို သုံးထားပါတယ်။ 45W Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ColorOS 14 ထည့်ထားပါတယ်။

Oppo A3i Plus reservations open via JD.com; listed with model number  (PKA110) similar to Oppo A3 5G (Chinese variant) - The Tech Outlook

ဈေးနှုန်းကတော့ OPPO A3i Plus က ပိုတန်ပြီး 12/256GB ကို ၁,၂၉၉ ယွမ် (၁၇၈ ဒေါ်လာ)နဲ့ 12/512GB ကို ၁,၄၉၉ ယွမ် (၂၀၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

OPPO A3 ရဲ့ 12/256GB ကို ၁,၇၉၉ ယွမ် (၂၄၆ ဒေါ်လာ)နဲ့ 512GB ကို ၂,၀၉၉ ယွမ် (၂၈၈ ဒေါ်လာ) နဲ့ ရောင်းချထားတာ ဖြစ်ပါတယ်။

OPPO A3i Plus ကို တရုတ်မှာ ဒီလ ၁၇ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena