Zawgyi

တရုတ္နည္းပညာ ကုမၸဏီႀကီးျဖစ္တဲ့ OPPO ကေန လာမယ့္ ေမလ ၂၃ ရက္ေန႔မွာ ဖုန္းအသစ္တစ္လံုးကို မိတ္ဆက္ေတာ့မွာပါ။ အဆိုပါဖုန္းဟာ OPPO K3 လို႔ အမည္ရျပီး Pop-up Selfie Camera ပါဝင္တာေၾကာင့္ Notch ပါဝင္မွာ မဟုတ္ပါဘူး။ Snapdragon 710 ကို တပ္ဆင္ေပးထားတာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ တစ္ျခား Mid-range ဖုန္းေတြထက္ သာလြန္ေကာင္းမြန္ေနမွာပါ။ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္တစ္ခ်က္ကေတာ့ OPPO ဟာ ေမလ ၂၃ ရက္မွာ OPPO K3 အျပင္ VOOC နည္းပညာ ပါဝင္တဲ့ Accessories ေတြကိုပါ တြဲဖက္မိတ္ဆက္မယ္ ဆိုတာပါပဲ။

VOOC နည္းပညာလို႔ေ့ျပာလိုက္ကတည္းက အဆိုပါ Accessory က အားသြင္းၾကိဳး၊ အားသြင္းေခါင္း နဲ႔ Power Bank ေတြ ့ျဖစ္မယ္ဆိုတာကေတာ့ အသိသာၾကီးပါပဲ။ အဆိုပါ သတင္းဟာ OPPO ရဲ႕ တရားဝင္ Weibo ဝဘ္ဆိုဒ္ကေန ထြက္ေပၚလာတာပါ။ OPPO ဟာ VOOC နည္းပညာနဲ႔ Accessories သံုးမ်ိဳးအျပင္ SuperVOOC Car Charger ကိုပါ မိတ္ဆက္မွာပါ။ ဒါေပမယ့္ OPPO ဟာ SuperVOOC Car Charger ကို ဇန္နဝါရီလမွာ မိတ္ဆက္ျပီး ျဖစ္လို႔ အခု မိတ္ဆက္မယ့္ Car Charger က နည္းပညာ အသစ္ အသံုးျပဳထားနိုင္ပါတယ္။

OPPO ဟာ Power Bank ေတြကိုပါ မိတ္ဆက္္မွာပါ။ ထူးျခားခ်က္ကေတာ့ VOOC နည္းပညာပါဝင္မယ္လို႔ေျပာထားတဲ့အတြက္ Power Bank နဲ႔ အားသြင္းတာေတာင္ ရိုးရိုး VOOC Charger နဲ႔ အားသြင္းသလို ျမန္ဆန္ေနမွာပါ။ Power Bank ကို အားသြင္းတဲ့ေနရာမွာလည္း VOOC နည္းပညာ သံုးထားမလားဆိုတာ စဥ္းစားစရာပါ။ အသစ္မိတ္ဆက္မယ့္ Power Bank ေတြ အကုန္လံုးဟာ VOOC နည္းပညာပါဝင္တဲ့ ဖုန္းေတြကို အားသြင္းေပးတဲ့အခါ VOOC 3.0 နည္းပညာကို အသံုးျပဳထားမွာပါ။ Power Bank အသစ္ေတြထဲမွာ Pikachu Edition Power Bank တစ္ခုလည္း ပါဝင္မယ္လို႔ သိရပါတယ္။ OPPO ရဲ႕ စိတ္ဝင္စားစရာ နည္းပညာ အသစ္ေတြကို ေမလ ၂၃ ရက္ေန႔မွာ ေစာင့္ၾကည့္လိုက္ရေအာင္။

Ref: Gizmo China

Unicode

မေလ ၂၃ ရက်နေ့မှာ OPPO K3 နဲ့အတူ VOOC Power Bank တွေပါ မိတ်ဆက်မည်

တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ OPPO ကနေ လာမယ့် မေလ ၂၃ ရက်နေ့မှာ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်တော့မှာပါ။ အဆိုပါဖုန်းဟာ OPPO K3 လို့ အမည်ရပြီး Pop-up Selfie Camera ပါဝင်တာကြောင့် Notch ပါဝင်မှာ မဟုတ်ပါဘူး။ Snapdragon 710 ကို တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ တစ်ခြား Mid-range ဖုန်းတွေထက် သာလွန်ကောင်းမွန်နေမှာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ OPPO ဟာ မေလ ၂၃ ရက်မှာ OPPO K3 အပြင် VOOC နည်းပညာ ပါဝင်တဲ့ Accessories တွေကိုပါ တွဲဖက်မိတ်ဆက်မယ် ဆိုတာပါပဲ။

VOOC နည်းပညာလို့ေ့ပြာလိုက်ကတည်းက အဆိုပါ Accessory က အားသွင်းကြိုး၊ အားသွင်းခေါင်း နဲ့ Power Bank တွေ ့ဖြစ်မယ်ဆိုတာကတော့ အသိသာကြီးပါပဲ။ အဆိုပါ သတင်းဟာ OPPO ရဲ့ တရားဝင် Weibo ဝဘ်ဆိုဒ်ကနေ ထွက်ပေါ်လာတာပါ။ OPPO ဟာ VOOC နည်းပညာနဲ့ Accessories သုံးမျိုးအပြင် SuperVOOC Car Charger ကိုပါ မိတ်ဆက်မှာပါ။ ဒါပေမယ့် OPPO ဟာ SuperVOOC Car Charger ကို ဇန်နဝါရီလမှာ မိတ်ဆက်ပြီး ဖြစ်လို့ အခု မိတ်ဆက်မယ့် Car Charger က နည်းပညာ အသစ် အသုံးပြုထားနိုင်ပါတယ်။

OPPO ဟာ Power Bank တွေကိုပါ မိတ်ဆက််မှာပါ။ ထူးခြားချက်ကတော့ VOOC နည်းပညာပါဝင်မယ်လို့ပြောထားတဲ့အတွက် Power Bank နဲ့ အားသွင်းတာတောင် ရိုးရိုး VOOC Charger နဲ့ အားသွင်းသလို မြန်ဆန်နေမှာပါ။ Power Bank ကို အားသွင်းတဲ့နေရာမှာလည်း VOOC နည်းပညာ သုံးထားမလားဆိုတာ စဉ်းစားစရာပါ။ အသစ်မိတ်ဆက်မယ့် Power Bank တွေ အကုန်လုံးဟာ VOOC နည်းပညာပါဝင်တဲ့ ဖုန်းတွေကို အားသွင်းပေးတဲ့အခါ VOOC 3.0 နည်းပညာကို အသုံးပြုထားမှာပါ။ Power Bank အသစ်တွေထဲမှာ Pikachu Edition Power Bank တစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။ OPPO ရဲ့ စိတ်ဝင်စားစရာ နည်းပညာ အသစ်တွေကို မေလ ၂၃ ရက်နေ့မှာ စောင့်ကြည့်လိုက်ရအောင်။

Ref: Gizmo China