ဉာဏ်ရည်တု (AI) နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မြောက်က “Magnifica Humanitas” (ခမ်းနားထည်ဝါသော လူသားမျိုးနွယ်) လို့ အမည်ရတဲ့ သူ့ရဲ့ ပထမဆုံး စွယ်စုံကျမ်းစာလွှာကို ထုတ်ပြန်ပြီး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ AI ဆိုတာ လူသားတွေကို အလုပ်အကျွေးပြုဖို့ပဲ ဖြစ်ရမယ်လို့ ပါရှိပြီး လူသားတွေနေရာမှာ ဝင်ရောက်အစားထိုးတာ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် လွှမ်းမိုးချုပ်ကိုင်တာမျိုး လုံးဝမဖြစ်စေရဘူးလို့ သတိပေးထားပါတယ်။ ဒါ့အပြင် AI တွေ ပိုပြီး အစွမ်းထက်လာတာနဲ့အမျှ တင်းကျပ်တဲ့ နည်းပညာကျင့်ဝတ်တွေ သတ်မှတ်ဖို့၊ လူသားတွေရဲ့ အလုပ်အကိုင်တွေကို ကာကွယ်ဖို့နဲ့ လူ့သိက္ခာကို လေးစားဖို့ပါ ပြတ်ပြတ်သားသား တိုက်တွန်းထားပါတယ်။

Pope Leo's first Encyclical Magnifica Humanitas: A call for Artificial  Intelligence to serve humanity, not the power of a few -

ပုပ်ရဟန်းမင်းကြီးဟာ Claude AI ကို တီထွင်ထားတဲ့ နာမည်ကြီး Anthropic ကုမ္ပဏီနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တော့မယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ဗာတီကန်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနားကို Anthropic ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူ Christopher Olah ကိုယ်တိုင် တက်ရောက်စကားပြောခဲ့ပြီး ဒီလိုလက်တွဲရတဲ့ အဓိကရည်ရွယ်ချက်ကတော့ AI နည်းပညာ တိုးတက်မှုကို နည်းပညာသက်သက်တင်မဟုတ်ဘဲ ကျင့်ဝတ်နဲ့ လူသားဆန်မှု အခြေခံတွေပေါ်ကနေ လမ်းကြောင်းတည့်မတ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

Preparing Our Hearts for Magnifica Humanitas: Pope Leo XIV's New Encyclical  on Artificial Intelligence - Laudato Si' Movement

ပုပ်ရဟန်းမင်းကြီး လီယိုက AI နည်းပညာဟာ လူသားတွေကို ကူညီပေးနိုင်တဲ့ အရာပဲ ဖြစ်ရမယ်လို့ မိန့်ကြားခဲ့ပြီး ဒီနည်းပညာကြောင့် လူမှုပတ်ဝန်းကျင်မှာ မညီမျှမှုတွေ ဖြစ်လာတာ၊ အလုပ်အကိုင်တွေ ဆုံးရှုံးရတာနဲ့ ပုံစံအသစ်နဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ ပေါ်ပေါက်လာတာမျိုးကို လုံးဝခွင့်မပြုနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref : Technology Innovation