realme က 12 4G စမတ်ဖုန်းကို ကြေညာလိုက်ပြီး Snapdragon 685 Chipset ထည့်သွင်းထားပါတယ်။ 6.67” OLED Display တပ်ဆင်ထားပြီး 1080x2400p Resolution ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး 2,000 Nits Peak Brightness ရှိပါတယ်။ လက်ဗွေရာ ကိရိယာကို Display အောက်မှာ မြှုပ်နှံထားပါတယ်။

Realme 12 4G launches with Snapdragon 685, OLED display and 50MP camera - GSMArena.com news

အနောက်ဘက်မှာ 50MP Sony LYT-600 Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ microSD Card Slot , 3.5mm Headphone Jack နဲ့ စပီကာ ၂ လုံး ပါလာပြီး IP54 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။

Realme 12 4G launches in Pakistan with Snapdragon 685, OLED display and 50MP camera

5,000mAh Battery ပါလာပြီး 67W Charging ထောက်ပံ့ထားပါတယ်။ ၁၉ မိနစ်အတွင်း ၁ ကနေ ၅၀ ရာခိုင်နှုန်းနဲ့ ၄၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ ဘူးထဲမှာ 80W Charger ထည့်သွင်းပေးထားပါတယ်။

realme 12 4G အတွက် 8/128GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၂၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena