realme က GT 6 ကို ကြေညာလိုက်ပြီး Flagship Killer အမျိုးအစား ဖြစ်ပါတယ်။ realme က Hyper Display လို့ခေါ်တဲ့ 6.78” 1264x2780p AMOLED Panel ကို သုံးထားပြီး 120Hz Refresh Rate နဲ့ 6,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ ကုမ္ပဏီက ဖုန်းတွေထဲမှာ Brightness အမြင့်ဆုံးလို့ ပြောပါတယ်။ Display ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

The Realme GT 6

Snapdragon 8s Gen 3 Chip မောင်းနှင်ထားပြီး 12GB or 16GB RAM ထည့်သွင်းထားပါတယ်။ ဂိမ်းကစားလို့ ကောင်းတဲ့ Adreno 715 GPU တပ်ဆင်ထားပါတယ်။ AI ကတော့ ဒီနေ့ခေတ် ဖုန်းတွေမှာ မပါမဖြစ်ပါ။ realme က NextAI လို့ အမည်ပေးထားပြီး Video အတွက် AI Night Vision ထည့်ပေးထားပါတယ်။ AI Smart Removal က ဓါတ်ပုံထဲက မလိုလားအပ်တဲ့ အရာတွေကို ဖယ်ရှားနိုင်ပြီး AI Smart Loop က Screen ပေါ်က Content နဲ့ သင့် အပြုအမူအပေါ် အခြေခံကာ App တွေကို အကြံပြုပေးနိုင်ပါတယ်။

Realme announces GT 6 with Snapdragon 8s Gen 3, 5,500mAh battery

120W Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပြီး ၁၀ မိနစ်ထဲနဲ့ ၁ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ၂၆ မိနစ်နဲ့ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Realme announces GT 6 with Snapdragon 8s Gen 3, 5,500mAh battery

ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP (OIS, PDAF) , 50MP Telephoto နဲ့ 8MP Ultrawide တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 32MP ကင်မရာ ပါပါတယ်။ Android 14 OS မောင်းနှင်ထားပြီး Android 18 အထိ ရမှာပါ။

အိန္ဒိယမှာ ဒီလ ၂၄ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး 8/256GB (INR41,000), 12/256GB (INR43,000) နဲ့ 16/512GB (INR45,000) Version တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena