“စျေးတန် အကြမ်းခံ အရွေးမှန်” ဆိုတဲ့ realme ရဲ့အသစ်ထွက်ရှိလာတဲ့ Note 60x က အခုချက်ချင်းအမြန်ဆုံးဝယ်ယူမယ်ဆိုရင် First Sale Bonus ပေးထားတဲ့အတွက် 12GB(4+8)+64GB version အတွက် ၃သောင်း သက်သာခွင့်နဲ့ 8GB(3+5)+64GB version အတွက် ၂သောင်းသက်သာခွင့်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။
တရားဝင်စျေးတွေကို ဖော်ပြရရင် RAM 4GB + ROM 64GB က ၄၂၉,၉၀၀ ကျပ်နဲ့ RAM 3GB + ROM 64GB က ၃၉၉,၉၀၀ ကျပ်တို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ၄၂၉,၉၀၀ ကျပ် အတွက် ၃၉၉,၉၀၀ ကျပ်၊ ၃၉၉,၉၀၀ ကျပ်အတွက် ၃၇၉,၉၀၀ ကျပ် အသီးသီးပဲကျသင့်မှာဖြစ်ပါတယ်။ ဒီအခွင့်အရေးက အခု ဖေဖော်ဝါရီလကုန်အထိပဲဖြစ်လို့ မြန်မြန်ဝယ်ရင်တော့ အခွင့်အရေးကို မြန်မြန်ရယူနိုင်မှာဖြစ်ပါတယ်။ အရောင်အတွက် အစိမ်းနုရောင်နဲ့ အနက်ရောင် ၂မျိုးကိုရွေးချယ်နိုင်ပါတယ်။
ArmorShell Protection စနစ်ပါဝင်လို့ တော်ရုံလွတ်ကျတဲ့ဒဏ်တွေကို ကာကွယ်ပေးသလို၊ IP54 Rating ပါထောက်ပံ့ထားလို့ တော်ရုံဖုန်ဝင်တာ ရေစင်တာတွေအတွက်လည်း မှုစရာမလိုပါဘူး။ မျက်နှာပြင်ကလည်း ၆.၇၄ လက်မအရွယ်ရှိလို့ မြင်ကွင်းကျယ်ကျယ်ရှိမှာဖြစ်သလို 90Hz Screen Refresh Rate ကိုပါထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်ကိုလည်း Reinforced Glass နဲ့ကာကွယ်ထားလို့ တော်ရုံအပွန်းအစင်းဒဏ်တွေကိုပါ ကာကွယ်ပေးထားဦးမှာဖြစ်ပါတယ်။
အွန်လိုင်းအသုံးပြုမှုအတွက် တစ်ရက်တာအနည်းဆုံးအားခံစေမယ့် 5000mAh ဘက်ထရီကိုအသုံးပြုပေးထားပါတယ်။ ၄၈လကြာ သွက်လက်ညက်ညောတဲ့ အာမခံချက်လည်းရှိတော့ နှစ်တွေကြာသွားရင်တောင် ဖုန်းသစ်တစ်လုံးလို သွက်လက်တဲ့အတွေ့အကြုံကိုရရှိနေစေဦးမှာ ဖြစ်ပါတယ်။
စျေးတန်တန်နဲ့ အကြမ်းခံဖုန်းသုံးချင်သူတွေအတွက် realme Note 60x က ၄သိန်းစျေးတန်းမှာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်။
Media release: realme