realme P3 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Snapdragon 6 Gen 4 Chipset ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့ Battery နဲ့ Vapor Chamber Cooling ထည့်သွင်းထားပါတယ်။ realme P3 ဟာ တရုတ်မှာ ရောင်းချထားတဲ့ realme Neo7x နဲ့ တူညီပါတယ်။

Realme P3 debuts with Snadragon 6 Gen 4 and Mecha design

realme P3 မှာ 6.67” AMOLED Full HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate အထိ ပါလာပါတယ်။ 2,000 Nits Peak Brightness နဲ့ 1,500Hz Instant Touch Sampling Rate ထည့်သွင်းထားပါတယ်။

Realme P3 debuts with Snadragon 6 Gen 4 and Mecha design

ဂိမ်းကစားလို့ ကောင်းမွန်တဲ့ Vapor Chamber Cooling ပါလာပြီး CPU အပူချိန်ကို ၂၀ ဒီဂရီ ဆဲလ်ဆီးယပ် အထိ လျှော့ချပေးနိုင်ပါတယ်။

realme P3 မှာ 50MP Main , 2MP Portrait ကင်မရာကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Battery က 6,000mAh ဖြစ်ပြီး ဖုန်း အထူ ၈ မီလီမီတာထဲမှာ ကြီးမားတဲ့ Battery ထည့်သွင်းထားတာ တော်တော်မိုက်ပါတယ်။ အားသွင်းနှုန်းက 45W ဖြစ်ပါတယ်။

Android 15 အခြေပြု realme UI 6.0 ပါလာပြီး Under-display Fingerprint Scanner ၊ NFC နဲ့ စတီရီယို စပီကာတွေ ပါပါတယ်။ IP69 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ရေအနက် ၂.၅ မီတာမှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။

realme P3 အတွက် Space Silver, Nebula Pink နဲ့ Comet Grey အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၁၆,၉၉၉ ရူပီး၊ 8/128GB ကို ၁၇,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၉၆ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena