[Zawgyi]

Samsung က ဒီလ အေစာပိုင္းမွာ ဒီဇိုင္းျပင္ဆင္ထားတဲ့ Galaxy Fold ကို ေၾကညာခဲ့ၿပီး မိခင္ႏိုင္ငံ ေတာင္ကိုရီးယားမွာ ေရာင္းခ်ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၁ ပတ္က ၿဗိတိန္မွာ ၀ယ္ယူႏုိင္ခဲ့ပါတယ္။ ဒီလ ၂၇ ရက္ေန႔မွာေတာ့ အေမရိကန္က AT&T နဲ႔ Best Buy Stores ေတြမွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung Experience Stores ေတြကေနလည္း ၀ယ္ယူႏိုင္မွာပါ။ Best Buy နဲ႔ Samsung တို႔က Unlocked Versions ေတြကို ေရာင္းေပးမွာပါ။ Cosmos Black နဲ႔ Space Silver အေရာင္ေတြ ေရြးခ်ယ္ႏိုင္မွာပါ။

Galaxy Fold ကို ၀ယ္ယူသူေတြဟာ Galaxy Fold Premier Service ကို ရရွိမွာ ျဖစ္ၿပီး ဖုန္းနဲ႔ ပတ္သက္ၿပီး အကူအညီနဲ႔ သတင္းအခ်က္အလက္ေတြကို သိခ်င္ရင္ ၂၄ နာရီ ဖုန္းဆက္ေမးျမန္းႏိုင္တဲ့ ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung Members App ကေန Video Chat နဲ႔ ေမးျမန္းႏိုင္ပါတယ္။

Galaxy Fold ကို ၀ယ္ယူသူေတြဟာ Galaxy Buds Earphones ကို လက္ေဆာင္ရရွိမွာ ျဖစ္သလို ဒီဇိုင္း လွပၿပီး အၾကမ္းခံ ပါးလႊာတဲ့ Fiber Case ၁ ခုကိုပါ ရရွိမွာ ျဖစ္ပါတယ္။ အေမရိကန္မွာ Galaxy Fold ကို ၁၉၈၀ ေဒၚလာသတ္မွတ္ထားၿပီး ျမန္မာေငြ ၃,၀၀၀,၀၀၀ ေက်ာ္ေလာက္ ရွိပါတယ္။ ဒါေပမယ့္ Galaxy Fold ထက္ ေစ်းႀကီးတဲ့ ျမန္မာေငြ ၄,၀၀၀,၀၀၀ ေက်ာ္တန္ Xiaomi Mi Mix Alpha ကို မေန႔ကပဲ ေၾကညာထားပါတယ္။

Ref : gsmarena

[Unicode]

အမေရိကန်မှာ Samsung Galaxy Fold ကို ဒီလ ၂၇ ရက်မှာ ရောင်းပြီ

Samsung က ဒီလ အစောပိုင်းမှာ ဒီဇိုင်းပြင်ဆင်ထားတဲ့ Galaxy Fold ကို ကြေညာခဲ့ပြီး မိခင်နိုင်ငံ တောင်ကိုရီးယားမှာ ရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က ဗြိတိန်မှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ ဒီလ ၂၇ ရက်နေ့မှာတော့ အမေရိကန်က AT&T နဲ့ Best Buy Stores တွေမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung Experience Stores တွေကနေလည်း ဝယ်ယူနိုင်မှာပါ။ Best Buy နဲ့ Samsung တို့က Unlocked Versions တွေကို ရောင်းပေးမှာပါ။ Cosmos Black နဲ့ Space Silver အရောင်တွေ ရွေးချယ်နိုင်မှာပါ။

Galaxy Fold ကို ဝယ်ယူသူတွေဟာ Galaxy Fold Premier Service ကို ရရှိမှာ ဖြစ်ပြီး ဖုန်းနဲ့ ပတ်သက်ပြီး အကူအညီနဲ့ သတင်းအချက်အလက်တွေကို သိချင်ရင် ၂၄ နာရီ ဖုန်းဆက်မေးမြန်းနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် Samsung Members App ကနေ Video Chat နဲ့ မေးမြန်းနိုင်ပါတယ်။

Galaxy Fold ကို ဝယ်ယူသူတွေဟာ Galaxy Buds Earphones ကို လက်ဆောင်ရရှိမှာ ဖြစ်သလို ဒီဇိုင်း လှပပြီး အကြမ်းခံ ပါးလွှာတဲ့ Fiber Case ၁ ခုကိုပါ ရရှိမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ Galaxy Fold ကို ၁၉၈၀ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၃,၀၀၀,၀၀၀ ကျော်လောက် ရှိပါတယ်။ ဒါပေမယ့် Galaxy Fold ထက် ဈေးကြီးတဲ့ မြန်မာငွေ ၄,၀၀၀,၀၀၀ ကျော်တန် Xiaomi Mi Mix Alpha ကို မနေ့ကပဲ ကြေညာထားပါတယ်။

Ref : gsmarena