Redmi က ဒီနှစ်မကုန်ခင်မှာ Redmi K70 Series ကို ကြေညာမယ်လို့ ထင်ပါတယ်။ အခုတော့ ကုမ္ပဏီက Redmi K70 Series မှာ Snapdragon 8 Gen 3 ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

Redmi K70 series with Snapdragon 8 Gen 3

အရင်နှစ်က Redmi K60 နဲ့ K60 Pro မှာ Snapdragon 8+ Gen 1 နဲ့ Snapdragon 8 Gen 2 Chipset တွေ အသီးသီး ထည့်သွင်းခဲ့ပါတယ်။ သတင်းတွေအရ Redmi K70 နဲ့ K70 Pro မှာ Snapdragon 8 Gen 2 နဲ့ Snapdragon 8 Gen 3 Chipset တွေ အသီးသီး ထည့်သွင်းထားနိုင်ပါတယ်။

Probable Xiaomi Redmi K70 Pro surfaces with Android 14, Snapdragon 8 Gen 3 and 16 GB of RAM - NotebookCheck.net News

Redmi K70 နဲ့ K70 Pro ကို တရုတ်မှာ ဒီဇင်ဘာလအတွင်း ကြေညာနိုင်ပါတယ်။ Redmi က K70 Series ကို “2024 Flagship” လို့ ပြောထားတဲ့အတွက် တရုတ်မှာ ဒီဇင်ဘာလမှာ ကြေညာပြီး ဇန်နဝါရီလမှာ ရောင်းချနိုင်ပါတယ်။

3C က ဒေတာတွေအရ K70 မှာ 90W Charging နဲ့ K70 Pro မှာ 120W Charging ပါလာမှာပါ။ အဲဒီဖုန်း ၂ လုံးကို တရုတ် ပြင်ပမှာ Poco F6 နဲ့ Poco F6 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။ Poco F6 Series ကို ဥရောပ နိုင်ငံတွေမှာ စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်နေတဲ့အတွက် Poco F6 Series ကို နိုင်ငံတကာမှာ ၂၀၂၄ ခုနှစ် ပထမ ၃ လအတွင်း ရောင်းချနိုင်ပါတယ်။

Ref : gizmochina