Redmi က ပြီးခဲ့တဲ့ တစ်ပတ်က တရုတ်မှာ Note 13 Series ကို ကြေညာခဲ့ပြီး Note 13, Note 13 Pro နဲ့ Note 13 Pro Plus တို့ ပါဝင်ပါတယ်။ အရင်နှစ်ကလိုပဲ အဲဒီဖုန်းတွေကို နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။ နာမည်ကြီး Tipster  ၁ ယောက်က Xiaomi ဟာ Redmi Note 13 Pro ကို တရုတ် ပြင်ပမှာ Poco ဖုန်း အနေနဲ့ ရောင်းချမယ်လို့ ပြောပါတယ်။

Redmi-Note-13-Pro

ထွက်ထားပြီးသမျှ Poco ဖုန်းတွေဟာ Redmi ဖုန်းတွေကို အမည်ပြောင်းထားတာပါ။ ပထမဆုံး Poco F1 ကနေ နောက်ဆုံး Poco F5 အထိ ဒါဟာ မှန်ကန်ပါတယ်။ Kacper Skrzypek က Redmi Note 13 Pro ကို နိုင်ငံတကာမှာ Poco ဖုန်း အနေနဲ့ ရောင်းချမယ်လို့ ပြောပါတယ်။

Redmi Note 13 Pro tipped to launch as POCO phone globally

အဲဒီ Poco ဖုန်း အမည်ကို မသိရသေးပေမယ့် ထုံးစံအရဆိုရင် Poco X Series ထဲက ဖြစ်နိုင်ပါတယ်။ ဒီနှစ်ထွက် Poco X5 Pro ဟာ Redmi Note 13 Pro Speed Edition ဖြစ်ပါတယ်။ အဲဒီအတွက် Note 13 Pro ကို Poco X6 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် အတိအကျပြောဖို့ စောပါသေးတယ်။

Redmi Note 13 Pro ရဲ့ Specs တွေကို ပြန်ပြောရရင် စွမ်းရည်သင့် ဖုန်း ဖြစ်ပါတယ်။ 4nm Snapdragon 7s Gen 2 Processor မောင်းနှင်ထားပြီး 6.67” AMOLED မျက်နှာပြင်၊ 1.5K Resolution ၊ 120Hz Refresh Rate နဲ့ 1,600 Nits Peak Brightness ထည့်ထားပါတယ်။

200MP Main ကင်မရာ၊ 5,100mAh Battery နဲ့ 67W Charging ပါလာပြီး တရုတ်မှာ 8/128GB ကို ၁,၄၉၉ ယွမ် (၂၀၅ ဒေါ်လာ)နဲ့ ရောင်းပါတယ်။

Ref : gizmochina