စက္ကန့်ပိုင်းအတွင်း သင့်နှလုံးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးနိုင်မယ့် နည်းပညာတစ်ခု ပေါ်ပေါက်လာပါပြီ။ Imperial College London က သုတေသီတွေ တီထွင်လိုက်တဲ့ AI စနစ်သစ်ဟာ ရိုးရှင်းတဲ့ ECG စစ်ဆေးမှုလေးကို နှစ်စက္ကန့်အောက် အချိန်ယူရုံနဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းမှုနဲ့ နှလုံးအဆို့ရှင်ရောဂါ လက္ခဏာတွေကို အံ့ဖွယ် ရှာဖွေပေးနိုင်ပါတယ်။

ဆရာဝန်တွေ သတိမထားမိနိုင်တဲ့ လျှပ်စစ်လှိုင်းပုံစံ အပြောင်းအလဲ သေးသေးလေးတွေကိုတောင် အဲဒီ AI က အသေးစိတ် ထောက်လှမ်းပေးနိုင်တာ ဖြစ်ပါတယ်။

AI can identify hidden heart valve defects from a patient's ECG | Imperial News | Imperial College London

အဲဒီစနစ်က တကယ်ပဲ အလုပ်ဖြစ်ရဲ့လားဆိုတာကို အမေရိကန်က လူနာပေါင်း ၆၇,၀၀၀ နီးပါးရဲ့ အချက်အလက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ရလဒ်တွေက အတော်လေး အံ့အားသင့်စရာ ကောင်းနေပါတယ်။

နှလုံးစွမ်းဆောင်ရည်ကျဆင်းသူ ၈၁ ရာခိုင်နှုန်းနဲ့ နှလုံးအဆို့ရှင်ရောဂါရှိသူ ၉၀ ရာခိုင်နှုန်းအထိ တိတိကျကျ ခွဲခြားနိုင်ခဲ့ပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်ဖို့အတွက် ဘရာဇီးနိုင်ငံက ဆေးမှတ်တမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ECG အချက်အလက် ၁ ဒသမ ၆ သန်းကျော်နဲ့ အမေရိကန်က သန်းနဲ့ချီတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အဲဒီ မော်ဒယ်ကို လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

Superhuman' AI ECG Tool Spots Heart Disease in Under 2 Seconds; Speeds Up Diagnosis

ပုံမှန်ဆိုရင် အဲဒီရောဂါတွေကို အတည်ပြုဖို့ ကုန်ကျစရိတ်များပြီး အချိန်ယူရတဲ့ နှလုံး အာထရာဆောင်း (Echocardiogram) ရိုက်ဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ အဲဒီ AI နည်းပညာကြောင့် ဆရာဝန်တွေအနေနဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့ လူနာတွေကို ချက်ချင်း ခွဲခြားသိရှိနိုင်ပြီး အချိန်မီ ကုသမှုပေးနိုင်မှာ ဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက တခြားကျန်းမာရေးအကြောင်းပြချက်တွေကြောင့် ရိုက်ကူးထားတဲ့ ECG တွေကိုပါ ပြန်လည်စစ်ဆေးနိုင်တဲ့အတွက် ကြိုတင်မသိရှိထားတဲ့ နှလုံးရောဂါတွေကိုပါ စောစီးစွာ သတိပေးနိုင်မယ့် အစွမ်းထက် ကိရိယာတစ်ခုအဖြစ် ကျန်းမာရေးလောကကို တစ်ခေတ်ဆန်းစေတော့မှာ ဖြစ်ပါတယ်။

Ref: Technology Innovation