ချီကာဂို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ခြေ လက် အင်္ဂါ ဖြတ်တောက်ထားရသူတွေ စိတ်နဲ့ ခြေ လက် အတုတွေကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ စက်ရုပ် ခြေ လက်ကို ဦးနှောက်ရဲ့ လှုံ့ဆောင်မှုနဲ့ပေါင်းစပ်ပြီး User တွေက ခြေ လက် အတုတွေကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ခြေ လက် အင်္ဂါ ဖြတ်တောက်ထားရသူတွေအတွက် အလွန်ကို အကျိုးရှိပါတယ်။

UChicago Scientists Develop Bionic Prosthetics With Lifelike Touch – Chicago  Maroon

Brain-computer Interface ကို အသုံးပြုပြီး ဦးနှောက်မှာ ထည့်သွင်းထားတဲ့ သေးငယ်တဲ့ Electrodes တွေကြောင့် User တွေဟာ ထိတွေ့မှု ၊ ဖိအားကို အာရုံခံနိုင်ပြီး လှုပ်ရှားမှုတွေကို သဘာဝ ကျစွာ ပြုလုပ်နိုင်ပါတယ်။

Creating an artificial sense of touch through electrical stimuli |  University of Chicago News

Electrode နည်းပညာဟာ အဆင့်မြင့်လာပြီး User တွေဟာ ပုံသဏ္ဍာန် ၊ Texture နဲ့ လှုပ်ရှားမှုကို အာရုံခံ သိနားလည်နိုင်ပြီး ဒုက္ခိတတွေရဲ့ နေ့စဉ် လူနေမှုဘဝကို များစွာ တိုးတက်လာစေပါတယ်။

Elon Musk တည်ထောင်ထားတဲ့ Neuralink ကုမ္ပဏီဟာလည်း အလားတူ Brain Chip နည်းပညာကို တီထွင်နေပြီး အကြောသေနေသူတွေဟာ ကွန်ပြူတာတွေကို ထိန်းချုပ်နိုင်ကြပါတယ်။ ကုမ္ပဏီက ဒီနှစ်ထဲမှာ လူနာများစွာမှာ Brain Chip ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။

Ref : Tech Explorers