UC San Diego မှ သုတေသီတွေဟာ အဝေးထိန်း စနစ်သုံး လူတူစက်ရုပ် (Humanoid Robots) တွေကို အသုံးပြုပြီး သက်ရှိ သတ္တဝါတွေမှာ ကမ္ဘာ့ပထမဆုံးအကြိမ် ခွဲစိတ်မှု ၂ ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုအတွင်းမှာ ပထမခွဲစိတ်မှုကို လူခွဲစိတ်ဆရာဝန်နဲ့ လူတူစက်ရုပ်တစ်ရုပ် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒုတိယခွဲစိတ်မှုကိုတော့ လူတူစက်ရုပ် ၂ ရုပ်ပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ အဆိုပါ ခွဲစိတ်မှုတွေကို လူနာတွေမှာ မဟုတ်ဘဲ သက်ရှိ နို့တိုက်သတ္တဝါကြီးတွေမှာ စမ်းသပ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Surgeons Use Teleoperated Humanoid Robots to Perform Live Surgery – a World  First

လက်ရှိ အသုံးပြုနေတဲ့ အထူးပြု ခွဲစိတ်စက်ရုပ်တွေနဲ့ မတူဘဲ ဒီလူတူစက်ရုပ်တွေဟာ သာမန် ခွဲစိတ်ကိရိယာတွေကို သုံးစွဲနိုင်သလို လူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ခွဲစိတ်ခန်းတွေမှာပါ တိုက်ရိုက် အလုပ်လုပ်နိုင်တာပါ။ ခွဲစိတ်မှုတစ်ခုလုံးကို ဆရာဝန်တွေက အဝေးကနေ ထိန်းချုပ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး စက်ရုပ်တွေဟာ အလိုအလျောက် လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး။

Humanoid robots just removed a gallbladder in a live surgery | Mashable

ဒီစက်ရုပ်တွေကို လူတွေမှာ အသုံးပြုနိုင်ဖို့ နောက်ထပ် စမ်းသပ်မှုတွေ အများကြီး လိုအပ်နေသေးပေမဲ့ ဒီအောင်မြင်မှုဟာ စက်ရုပ်သုံး ကျန်းမာရေးစောင့်ရှောက်မှု အနာဂတ်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အနာဂတ်မှာ အာကာသ မစ်ရှင်တွေ၊ စစ်မက်ဖြစ်ပွားရာ ဒေသတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ရာနေရာတွေနဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဆေးရုံတွေမှာ ခွဲစိတ်ကုသမှု ပိုမိုရရှိနိုင်အောင် ကူညီပေးနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပြီး ဒီသုတေသနကို ဇူလိုင် ၈ ရက်နေ့ထုတ် Nature ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Ref : Technology Innovation