အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီ စတော့ရှယ်ယာတန်ဖိုးတွေ စံချိန်တင်မြင့်တက်လာပြီးနောက် အမေရိကန် နာ့စ်ဒက် (Nasdaq) စတော့အိတ်ချိန်းမှာ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂ ထရီလီယံ  အထိ ရှိလာတာကြောင့် ဝန်ထမ်းဟောင်းနဲ့ ဝန်ထမ်းအသစ် အများအပြား ညတွင်းချင်း သူဌေးဖြစ်သွားကြပါတယ်။

ကုမ္ပဏီမှာ လုပ်ခလစာအပြင် စတော့ရှယ်ယာတွေပါ ရရှိခဲ့ကြတဲ့ ရော့ကတ်အင်ဂျင်နီယာတွေသာမကဘဲ ကော်ဖီဖျော်စက်သမား၊ သန့်ရှင်းရေးသမားနဲ့ စက်မှုပညာရှင်တွေပါ ဒီအကျိုးအမြတ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။

အဲဒီအထဲကမှ SpaceX ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ဂဟေဆော်သမား ဟွန်ဟာနန်ဒက်ဇ် (Juan Hernandez) ဟာ ၂၀၁၅ ခုနှစ်က အလုပ်စဝင်ချိန်မှာ ဒေါ်လာ ၁၀,၀၀၀ တန်ဖိုးရှိတဲ့ စတော့ရှယ်ယာတွေကို ရရှိခဲ့ပါတယ်။

သူဟာ အဲဒီရှယ်ယာတွေကို ရောင်းမပစ်ဘဲ ၁၀ နှစ်ကြာအောင် ရေရှည်သိမ်းဆည်းထားခဲ့တာကြောင့် လက်ရှိမှာ ရှယ်ယာပေါင်း ၆,၅၀၀ ခန့် ပိုင်ဆိုင်ထားပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၈၈၀,၀၀၀  အထိ ရရှိကာ သူဌေးဖြစ်သွားခဲ့ပါတယ်။

As Musk Backlash Batters Tesla, SpaceX Could Be Next

ဒါ့အပြင် အသက် ၆၃ နှစ်အရွယ် အင်ဂျင်နီယာဟောင်းတစ်ယောက်လည်း အမေရိကန်ဒေါ်လာ ၂၈ သန်း  တန်ဖိုးရှိတဲ့ စတော့ရှယ်ယာအကျိုးအမြတ်တွေ ရရှိခဲ့တာကြောင့် အဲဒီငွေတွေနဲ့ အီတလီမှာရှိတဲ့ ဟိုတယ်ကို ပြုပြင်မွမ်းမံပြီး လူထုအတွက် သန့်ရှင်းစွမ်းအင်စီမံကိန်းတွေကို ထောက်ပံ့ပေးသွားမယ့်အကြောင်း ပြောထားပါတယ်။

SpaceX ရဲ့ ပထမဆုံးဝန်ထမ်းဖြစ်သူ တွမ်မူလာ (Tom Mueller) ကလည်း ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေမှာ တကယ်တမ်းတန်ဖိုးရှိတယ်ဆိုတာကို အီလွန်မတ်စ် ပြောခဲ့သလို အခုပဲ သက်သေပြနိုင်ခဲ့ပြီလို့ ဆိုထားပါတယ်။

Ref: Khaosod