Zawgyi

ေတာင္ကိုရီးယားအေျခစိုက္ Samsung ကုမၸဏီဟာ သူတုိ႔ရဲ႕ Foldable ဟန္းဆက္ Galaxy Fold ကို မၾကာခင္ေစ်းကြက္ထဲ ပို႔ေပးသြားေတာ့မွာပါ။ ျပန္လည္ဒီဇုိင္းေရးဆြဲထားတဲ့ Foldable ဟန္းဆက္အား သတ္မွတ္ထားတဲ့ ေစ်းကြက္မ်ားသုိ႔ စက္တင္ဘာလအတြင္းမွာ အရင္ဆုံးေပးပို႔သြားမယ္လို႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

Samsung Galaxy Fold ကို အခုႏွစ္အေစာပုိင္းမွာတည္းက ႀကိဳတင္အမွာစာလက္ခံခဲ့ေပမယ့္ တကယ္တမ္း ေစ်းကြက္ထဲပုိ႔ေတာ့မယ့္အခ်ိန္မွာ အႀကိဳ Review ျပဳလုပ္သူေတြဆီက ျပႆနာေတြကို လက္ခံရရွိခဲ့ၿပီး အကန္႔အသတ္မရွိ ေရႊ႕ဆုိင္းခဲ့တာပါ။ အဓိကအားျဖင့္ Screen ရဲ႕အေပၚဆုံးအလႊာဟာ Screen Protector နဲ႔တူေနတဲ့အတြက္ ဆြဲခြာၿပီးအသုံးျပဳခဲ့ၾကရာမွာ အမ်ားဆုံးျပႆနာေတြ႕ခဲ့ၾကတာျဖစ္ပါတယ္။ တစ္ခ်ဳိ႕ကေတာ့ ေကြးေခါက္ရမယ့္ ပတၱာေနရာမွာ ျပႆနာၾကဳံၾကရတာပါ။

ဒါေပမယ့္ Samsung ဟာ ဒီျပႆနာေတြကိုေျဖရွင္းႏုိင္ဖုိ႔ ပတၱာရဲ႕ အေပၚနဲ႔ေအာက္ေတြကို Protection Cap ေတြ တပ္ေပးလိုက္ပါတယ္။ ဖုန္းရဲ႕ Screen အတြင္းကို ဖုန္နဲ႔ အမႈိက္ေတြ ဝင္ေရာက္တာကိုလည္း ကာကြယ္ေပးဖို႔ ျပဳလုပ္လာမယ္လို႔ ယူဆရပါတယ္။

Samsung ကေတာ့ ဒီဇုိင္းအသစ္ျပန္လည္ျပဳျပင္ထားတဲ့ Galaxy Fold ဖုန္းမွာ အရင္ကထက္ ပိုမ်ားတဲ့ App ေတြနဲ႔ Foldable စမတ္ဖုန္းသုံးစြဲသူေတြသာ ရရွိႏုိင္မယ့္ ဝန္ေဆာင္မႈေတြ ေပါင္းထည့္ထားတယ္လို႔ ဆုိလာေပမယ့္ အတိအက်ေတာ့ မထုတ္ျပန္ေသးပါဘူး။ အသစ္တဖန္ျပန္ဝင္ေရာက္လာမယ့္ Galaxy Fold ဟန္းဆက္ေတြဟာ ယခင္ေစ်းႏႈန္းျဖစ္တဲ့ ယူရို ၁,၉၉၉ (ျမန္မာေငြ ၃၃ သိန္းေက်ာ္) နဲ႔ပဲ ဆက္လက္ေရာင္းခ်သြားမယ္လုိ႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီဟာ သူတို့ရဲ့ Foldable ဟန်းဆက် Galaxy Fold ကို မကြာခင်ဈေးကွက်ထဲ ပို့ပေးသွားတော့မှာပါ။ ပြန်လည်ဒီဇိုင်းရေးဆွဲထားတဲ့ Foldable ဟန်းဆက်အား သတ်မှတ်ထားတဲ့ ဈေးကွက်များသို့ စက်တင်ဘာလအတွင်းမှာ အရင်ဆုံးပေးပို့သွားမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Samsung Galaxy Fold ကို အခုနှစ်အစောပိုင်းမှာတည်းက ကြိုတင်အမှာစာလက်ခံခဲ့ပေမယ့် တကယ်တမ်း ဈေးကွက်ထဲပို့တော့မယ့်အချိန်မှာ အကြို Review ပြုလုပ်သူတွေဆီက ပြဿနာတွေကို လက်ခံရရှိခဲ့ပြီး အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့တာပါ။ အဓိကအားဖြင့် Screen ရဲ့အပေါ်ဆုံးအလွှာဟာ Screen Protector နဲ့တူနေတဲ့အတွက် ဆွဲခွာပြီးအသုံးပြုခဲ့ကြရာမှာ အများဆုံးပြဿနာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့ကတော့ ကွေးခေါက်ရမယ့် ပတ္တာနေရာမှာ ပြဿနာကြုံကြရတာပါ။

ဒါပေမယ့် Samsung ဟာ ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ ပတ္တာရဲ့ အပေါ်နဲ့အောက်တွေကို Protection Cap တွေ တပ်ပေးလိုက်ပါတယ်။ ဖုန်းရဲ့ Screen အတွင်းကို ဖုန်နဲ့ အမှိုက်တွေ ဝင်ရောက်တာကိုလည်း ကာကွယ်ပေးဖို့ ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။

Samsung ကတော့ ဒီဇိုင်းအသစ်ပြန်လည်ပြုပြင်ထားတဲ့ Galaxy Fold ဖုန်းမှာ အရင်ကထက် ပိုများတဲ့ App တွေနဲ့ Foldable စမတ်ဖုန်းသုံးစွဲသူတွေသာ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေ ပေါင်းထည့်ထားတယ်လို့ ဆိုလာပေမယ့် အတိအကျတော့ မထုတ်ပြန်သေးပါဘူး။ အသစ်တဖန်ပြန်ဝင်ရောက်လာမယ့် Galaxy Fold ဟန်းဆက်တွေဟာ ယခင်ဈေးနှုန်းဖြစ်တဲ့ ယူရို ၁,၉၉၉ (မြန်မာငွေ ၃၃ သိန်းကျော်) နဲ့ပဲ ဆက်လက်ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena