[Zawgyi]

Samsung ရဲ႕ Galaxy Fold အတြက္ ေမွ်ာ္ေတာ္ေယာင္ဘဝေတြကေတာ့ သိပ္မၾကာခင္ အဆုံးသတ္ေတာ့မယ္လို႔ ယူဆရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုမၸဏီက Galaxy Fold ဟာ လာမယ့္စက္တင္ဘာလထဲမွာ ေဈးကြက္ထဲကိုေရာက္မယ္လို႔ အတည္ျပဳေပးလိုက္တာေၾကာင့္ ျဖစ္ပါတယ္။

ဘယ္ေန႔လဲဆိုတာကို အတိအက်မေျပာေသးေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ တ႐ုတ္မွာ Pre-registrations ေတြျပဳလုပ္ခြင့္ေပးလိုက္ပါတယ္။ ဒီခြင့္ျပဳခ်က္နဲ႔အတူ ခန႔္မွန္းသတင္းထြက္လာတာက စက္တင္ဘာလ ၁၈ ရက္ေန႔ ဝယ္ယူႏိုင္မယ္ဆိုတာပါ။ ဒါေပမယ့္ အခုမွထပ္ထြက္လာတဲ့သတင္းအရ ေဈးကြက္ထဲေရာက္ခ်ိန္ဟာ ပိုၿပီးေစာသြားႏိုင္တယ္လို႔ ဆိုရမွာပါ။

ကိုရီးယား မီဒီယာအခ်ိဳ႕ကေတာ့ စက္တင္ဘာလ ၆ ရက္ေန႔ဆိုရင္ Samsung Galaxy Fold ကို ျပည္တြင္းမွာ ဝယ္ယူလို႔ရႏိုင္မယ္လို႔ ေရးသားေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။ စက္တင္ဘာ ၆ ရက္ေန႔ဟာ IFA 2019 trade fair ရဲ႕အစဦးဆုံးရက္ပါ။ ဒီသတင္းသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ ေတာင္ကိုရီးယားဟာ တ႐ုတ္ေဈးကြက္ထက္ အရင္ေစာၿပီးေတာ့ Galaxy Fold ကို အသုံးျပဳႏိုင္မွာပဲ ျဖစ္ပါတယ္။

အျခားသတင္းတစ္ခုကေတာ့ Samsung Galaxy Fold ကို စက္တင္ဘာလအတြင္း အေမရိကန္မွာလည္း ျဖန႔္ခ်ိသြားမယ္လို႔ အခိုင္အမာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ျဖန႔္ခ်ိမယ့္ရက္ကိုေတာ့ အတိအက် မေဖာ္ျပခဲ့ပါဘူး။ Samsung ကေတာ့ ေတာင္ကိုရီးယားမွာတင္ ဒီႏွစ္မကုန္မီ Galaxy Fold အလုံးေရေပါင္း ၂သိန္းနဲ႔ ၃သိန္းၾကား ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒီသတင္းေတြနဲ႔ပတ္သက္ၿပီး Samsung ကေတာ့ “ျဖန႔္ခ်ိမယ့္ အခ်ိန္ဇယားကို အတည္မျပဳရေသးပါဘူး” လို႔ တရားဝင္တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Galaxy Fold ကို စတင္ေရာင္းခ်ဖို႔အခ်ိန္ဟာ တစ္ပတ္ထပ္ ေနာက္မက်ေတာ့ဘူးလို႔ မီဒီယာေတြက အခိုင္အမာေရးသားေဖာ္ျပေနၾကတာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Samsung ဟာ Galaxy Fold ကို စက်တင်ဘာလ ၆ ရက်နေ့မှာ စတင်ရောင်းချဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ

Samsung ရဲ့ Galaxy Fold အတွက် မျှော်တော်ယောင်ဘဝတွေကတော့ သိပ်မကြာခင် အဆုံးသတ်တော့မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီက Galaxy Fold ဟာ လာမယ့်စက်တင်ဘာလထဲမှာ ဈေးကွက်ထဲကိုရောက်မယ်လို့ အတည်ပြုပေးလိုက်တာကြောင့် ဖြစ်ပါတယ်။

ဘယ်နေ့လဲဆိုတာကို အတိအကျမပြောသေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်မှာ Pre-registrations တွေပြုလုပ်ခွင့်ပေးလိုက်ပါတယ်။ ဒီခွင့်ပြုချက်နဲ့အတူ ခန့်မှန်းသတင်းထွက်လာတာက စက်တင်ဘာလ ၁၈ ရက်နေ့ ဝယ်ယူနိုင်မယ်ဆိုတာပါ။ ဒါပေမယ့် အခုမှထပ်ထွက်လာတဲ့သတင်းအရ ဈေးကွက်ထဲရောက်ချိန်ဟာ ပိုပြီးစောသွားနိုင်တယ်လို့ ဆိုရမှာပါ။

ကိုရီးယား မီဒီယာအချို့ကတော့ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် Samsung Galaxy Fold ကို ပြည်တွင်းမှာ ဝယ်ယူလို့ရနိုင်မယ်လို့ ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ဟာ IFA 2019 trade fair ရဲ့အစဦးဆုံးရက်ပါ။ ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် တောင်ကိုရီးယားဟာ တရုတ်ဈေးကွက်ထက် အရင်စောပြီးတော့ Galaxy Fold ကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

အခြားသတင်းတစ်ခုကတော့ Samsung Galaxy Fold ကို စက်တင်ဘာလအတွင်း အမေရိကန်မှာလည်း ဖြန့်ချိသွားမယ်လို့ အခိုင်အမာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဖြန့်ချိမယ့်ရက်ကိုတော့ အတိအကျ မဖော်ပြခဲ့ပါဘူး။ Samsung ကတော့ တောင်ကိုရီးယားမှာတင် ဒီနှစ်မကုန်မီ Galaxy Fold အလုံးရေပေါင်း ၂သိန်းနဲ့ ၃သိန်းကြား ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး Samsung ကတော့ “ဖြန့်ချိမယ့် အချိန်ဇယားကို အတည်မပြုရသေးပါဘူး” လို့ တရားဝင်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Galaxy Fold ကို စတင်ရောင်းချဖို့အချိန်ဟာ တစ်ပတ်ထပ် နောက်မကျတော့ဘူးလို့ မီဒီယာတွေက အခိုင်အမာရေးသားဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena