[Zawgyi]

ဒီႏွစ္ ေဖေဖာ္၀ါရီလမွာ Samsung Galaxy Fold ကို ေၾကညာတဲ့အခ်ိန္မွာ လူေတြရဲ႕ စိတ္၀င္စားမႈျမင့္မားခဲ့ပါတယ္။ အဲဒီဖုန္းဟာ ကမာၻ႕ ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္းေတြထဲက ၁ လံုးပါ။ ဧၿပီလမွာ ေရာင္းဖို႔ မူလက စီစဥ္ထားေပမယ့္ နည္းပညာ ျပႆနာေတြေၾကာင့္ ေရာင္းခ်ခ်ိန္ကို ေနာက္ဆုတ္ခဲ့ရပါတယ္။ မၾကာခင္ကေတာ့ စက္တင္ဘာလမွာ ေရာင္းခ်ဖို႔ ကုမၸဏီက  ေၾကညာခဲ့ပါတယ္။ ေရာင္းခ်မယ့္ ရက္အတိအက်ကိုေတာ့ ကုမၸဏီက မေျပာေသးပါဘူး။ အခုေတာ့ ေရာင္းခ်မယ့္ ရက္မတိုင္ခင္မွာပဲ Samsung China က Pre-registrations ကို ဖြင့္ေပးလိုက္ပါၿပီ။

Samsung Galaxy Fold ရဲ႕ Pre-registrations Page ကို တရုတ္မွာ ျပဳလုပ္ေပးထားပါတယ္။ Pre-registrations ဆိုတာက ဖုန္းကို ၀ယ္ယူဖို႔ စာရင္းေပးသြင္းတာ မဟုတ္ပါဘူး။ ဖုန္းကို ၀ယ္ဖို႔စိတ္၀င္စားေနၿပီး ဖုန္းရဲ႕ Update သတင္းေတြကို ရယူခ်င္သူေတြအတြက္ ျဖစ္ပါတယ္။ အခုလို Pre-registrations ျပဳလုပ္ေပးလိုက္တဲ့အတြက္ ဖုန္းကို ေရာင္းခ်ဖို႔ နီးစပ္လာပါၿပီ။ စက္တင္ဘာလ ၁၈ ရက္မွာ ေရာင္းမယ္လို႔ သတင္းထြက္ေနပါတယ္။

Samsung က Galaxy Fold ရဲ႕ Screen အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီးၿပီ ျဖစ္ၿပီး စက္တင္ဘာလထဲမွာ ေရာင္းမယ္လို႔ ဇူလိုင္လေႏွာင္းပိုင္းက ေျပာခဲ့ပါတယ္။ ကုမၸဏီဟာ ဧၿပီလက  ေရာင္းခ်ဖို႔ ရည္ရြယ္ခဲ့ေပမယ့္ Screen ျပႆနာေတြေၾကာင့္ ေရာင္းခ်မႈကို ေနာက္ဆုတ္ခဲ့တာပါ။ ကုမၸဏီက အရင္ ေျပာထားသလို ၁၉၈၀ ေဒၚလာ ရွိမယ္လို႔ အတည္ျပဳထားပါတယ္။

Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ကို မေရွးမေႏွာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ Mate X ကိုလည္း ဒီႏွစ္ေႏွာင္းပိုင္းမွာ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ ေခါက္ခ်ိဳး စမတ္ဖုန္းေတြမွာ အရြယ္ႀကီး Screen ကို အသံုးျပဳႏုိင္တဲ့ အျပင္ မသံုးတဲ့ အခ်ိန္မွာ ေခါက္ခ်ိဳးၿပီး အိတ္ကပ္ထဲ ထည့္သြားႏုိင္တဲ့အတြက္ အရမ္းကို မိုက္ပါတယ္။

Ref : gadgets.ndtv

[Unicode]

Samsung Galaxy Fold ကို တရုတ်မှာ Pre-registrations ဖွင့်ပေးလိုက်ပြီ

ဒီနှစ် ဖေဖော်ဝါရီလမှာ Samsung Galaxy Fold ကို ကြေညာတဲ့အချိန်မှာ လူတွေရဲ့ စိတ်ဝင်စားမှုမြင့်မားခဲ့ပါတယ်။ အဲဒီဖုန်းဟာ ကမ္ဘာ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းတွေထဲက ၁ လုံးပါ။ ဧပြီလမှာ ရောင်းဖို့ မူလက စီစဉ်ထားပေမယ့် နည်းပညာ ပြဿနာတွေကြောင့် ရောင်းချချိန်ကို နောက်ဆုတ်ခဲ့ရပါတယ်။ မကြာခင်ကတော့ စက်တင်ဘာလမှာ ရောင်းချဖို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ရောင်းချမယ့် ရက်အတိအကျကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ အခုတော့ ရောင်းချမယ့် ရက်မတိုင်ခင်မှာပဲ Samsung China က Pre-registrations ကို ဖွင့်ပေးလိုက်ပါပြီ။

Samsung Galaxy Fold ရဲ့ Pre-registrations Page ကို တရုတ်မှာ ပြုလုပ်ပေးထားပါတယ်။ Pre-registrations ဆိုတာက ဖုန်းကို ဝယ်ယူဖို့ စာရင်းပေးသွင်းတာ မဟုတ်ပါဘူး။ ဖုန်းကို ဝယ်ဖို့စိတ်ဝင်စားနေပြီး ဖုန်းရဲ့ Update သတင်းတွေကို ရယူချင်သူတွေအတွက် ဖြစ်ပါတယ်။ အခုလို Pre-registrations ပြုလုပ်ပေးလိုက်တဲ့အတွက် ဖုန်းကို ရောင်းချဖို့ နီးစပ်လာပါပြီ။ စက်တင်ဘာလ ၁၈ ရက်မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Samsung က Galaxy Fold ရဲ့ Screen အားနည်းချက်တွေကို ပြင်ဆင်ပြီးပြီ ဖြစ်ပြီး စက်တင်ဘာလထဲမှာ ရောင်းမယ်လို့ ဇူလိုင်လနှောင်းပိုင်းက ပြောခဲ့ပါတယ်။ ကုမ္ပဏီဟာ ဧပြီလက ရောင်းချဖို့ ရည်ရွယ်ခဲ့ပေမယ့် Screen ပြဿနာတွေကြောင့် ရောင်းချမှုကို နောက်ဆုတ်ခဲ့တာပါ။ ကုမ္ပဏီက အရင် ပြောထားသလို ၁၉၈၀ ဒေါ်လာ ရှိမယ်လို့ အတည်ပြုထားပါတယ်။

Samsung Galaxy Fold နဲ့ Huawei Mate X တို့ကို မရှေးမနှောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ Mate X ကိုလည်း ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ခေါက်ချိုး စမတ်ဖုန်းတွေမှာ အရွယ်ကြီး Screen ကို အသုံးပြုနိုင်တဲ့ အပြင် မသုံးတဲ့ အချိန်မှာ ခေါက်ချိုးပြီး အိတ်ကပ်ထဲ ထည့်သွားနိုင်တဲ့အတွက် အရမ်းကို မိုက်ပါတယ်။

Ref : gadgets.ndtv